Connect with us

Hi, what are you looking for?

News

မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမားချစ်ကို ကိုဗစ်​ရောဂါဖြင့် သေဆုံး

အသက်(၃၇) နှစ်အရွယ် ချစ်ကိုသည် ပြီးခဲ့သည့် ၂၀၁၇ မလေးရှားဆီးဂိမ်းအားကစားပြိုင်ပွဲတွင် တစ်ဦးချင်း ဘိလိယက်အားကစားနည်း၌ ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့သူ ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမား ချစ်ကိုသည် ယနေ့ (ဇူလိုင် ၂ ရက်)တွင် ကိုဗစ်ရောဂါဖြင့်သေဆုံးသွားခဲ့ကြောင်း ဘိလိယက်အားကစားနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။

“ကိုချစ်ကိုက ဇွန်လတတိယပတ်လောက်တည်းက ဖျားနေတာတော့ သိတယ်။ အခုကျ ဖျားတာကနေ စစ်လိုက်တော့ ကိုဗစ်ဖြစ်ပြီး ဒီနေ့ မနက်မှာ ဆုံးသွားတာပါ။ သူက လာမယ့် ဆီးဂိမ်းအတွက် Camp ဝင်နေတာပါ။ အခု ကျန်တဲ့ ကစားသမားတွေကိုလည်း ကူးစက်နိုင်​ချေ ရှိတဲ့အတွက် ကိုဗစ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့တော့ ကြားပါတယ်” ဟု ဘိလိယက်အားကစားနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။