Connect with us

Hi, what are you looking for?

News

တော်လှန်ရေးဖြစ်စဉ်အတွင်း ပြည်သူများနစ်နာ ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန် ကြိုးစားရမည်ဟု NUG ယာယီသမ္မတပြော

မကြာမီကာလများအတွင်း ပေါ်ပေါက်လာမည့် တော်လှန် ရေးဖြစ်စဉ်အတွင်း ပြည်သူများဘက်က နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်နိုင်စေရေး ကြိုးပမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

NUG ကဖွဲ့စည်းထားသည့် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရယ်တုံ့ပြန်ရေးကော်မရှင်၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ယနေ့ ကျင်းပခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သည့် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

ယခု ကြုံနေရသည့် စစ်အာဏာသိမ်းမှုဘေးဒုက္ခကို တစ်နိုင်ငံလုံး လူထု လူတန်းစားအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည်မှာ ၅လ ကြာပြီ ဖြစ်၍ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအထောက်အပံ့များ ပံ့ပို့ပေးနိုင်ရေးသည် ကြီးမားသော လုပ်ငန်းတာဝန် ဖြစ်လာဟု ၎င်းက ဆိုသည်။

မကြာမီကာလများအတွင်း ပေါ်ပေါက်လာမည့် တော်လှန်ရေးဖြစ်စဉ်အတွင်း ပြည်သူများဘက်က နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်နိုင်စေရန်နှင့် လိုအပ်သောအကူညီများရနိုင်ရေး၊ ထိခိုက်လွယ် အုပ်စုများအတွက် လိုအပ်သောပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရေးတို့ကို ကြိုးစားပေးကြမည်ဟု ယုံကြည်ပါ ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကကလည်း စစ်ကောင်စီ၏အကြမ်းဖက်ရန်လိုမှုအပြင် ကိုဗစ် တတိယလှိုင်းကာလအတွင်းအရေးပေါ်တုံ့ပြန်မှုများဆောင်ရွက်ရမည့်အနေအထား၌ လူတိုင်း၏ ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေး စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကိုရင်ဆိုင်နေရချိန်လူသားချင်းစာနာမှုအကူအညီများပေးရာ၌ အကူအညီ ပေးအပ်သူတစ်ဦးချင်းစီ၏ ဘေးကင်းလုံခြုံရေးကို လည်း သတိထားလုပ်ဆောင် နေရကြောင်း ကော်မရှင် ဒုဥက္ကဋ္ဌဖြစ်သူ ၎င်း ကဆိုသည်။

အကူအညီလိုအပ်နေသူများ၏ တည်နေရာနှင့် လူဦးရေ၊ ၎င်းတို့၏ အရေးပေါ်လိုအပ်ချက်များ၊ ထောက်ပံ့ပေးနိုင်မည့် လမ်းကြောင်း၊ပူးပေါင်းဆောင်ရွက်ရမည့် အဖွဲ့အစည်း၊ လူပုဂိုလ်စသဖြင့် လုပ်ငန်းစဉ်အဆင့်တိုင်းတွင် လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများမှာလည်း အလွန်အရေးကြီး လာဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အစည်းအဝေးသို့ ကော်မရှင် အတွင်းရေးမှူး ဒေါက်တာဝင်းမြတ်အေးနှင့် ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။