Connect with us

Hi, what are you looking for?

News

“မြန်မာနိုင်ငံရဲ့ မိုဘိုင်းဝန်​ဆောင်မှုလုပ်ငန်းကြီးနှစ်ခု အာရပ်ပိုင်ဖြစ်သွားပြီ”

မြန်မာနိုင်ငံက မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်း အားလုံးကို M1 Groupဆီ လက်လွှဲ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Telenor Groupက ကြေညာခဲ့ပါတယ်။

Telenor Myanmarကို M1 Groupက ဝယ်ယူလိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အဓိက မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကြီး ၄ ခုမှာ ၂ ခုက အာရပ်ပိုင် ကုမ္ပဏီတွေ ဖြစ်လာတော့မှာပါ။ Ooredoo Myanmarကိုလည်း ကာတာ အခြေစိုက် ဆက်သွယ်ရေး လုပ်ငန်းစုကြီး Ooredooက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီးဟာ Telenor Myanmarရဲ့ ပိုင်ဆိုင်ခွင့် အဝဝကို M1 Groupဆီ ၁၀၀ ရာခိုင်နှုန်း လက်လွှဲ ရောင်းချလိုက်တာ ဖြစ်ပါတယ်။ လက်ဘနွန် အခြေစိုက် M1 Groupဟာ Telenor Myanmarကို ဒေါ်လာ ၁၀၅ သန်းနဲ့ ဝယ်ယူခဲ့ပြီး အဲဒီထဲက ၅၅ သန်းကို ၅ နှစ်တာ ကာလအတွင်း အရစ်ကျ ပေးသွင်းသွားမယ်လို့ သိရပါတယ်။

M1 Group အနေနဲ့ Telenor Myanmarကို အပြည့်အဝ ထိန်းချုပ်ပြီး လက်ရှိ လုပ်ငန်းတွေကို ဆက်လက် လည်ပတ်သွားစေမယ်လို့ ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းမှု အပြီးမှာ Telenor Groupဟာ မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းတွေကို လက်လွှဲ ရောင်းချဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကြိုတင် ထွက်ပေါ်ခဲ့ပါတယ်။

မေလ ၄ ရက်မှာ Telenor Myanmarက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အခြေအနေတွေကို ဆန်းစစ် လေ့လာပြီး ကုမ္ပဏီရဲ့ အနာဂတ်ကို ရွေးချယ်သွားမယ်လို့ သုံးစွဲသူတွေကို အသိပေးထားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာ့ နိုင်ငံရေး အခြေအနေတွေက Telenor Myanmar အတွက်ရော၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေး အပါအဝင် ကဏ္ဍပေါင်းစုံအတွက် စိန်ခေါ်မှုတွေ ပိုမို ကြီးထွားလာတာကြောင့် M1 Groupဆီ လက်လွှဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကုမ္ပဏီက ကြေညာပါတယ်။ M1 Groupဟာ လက်ရှိ ဝန်ဆောင်မှုတွေကို ဆက်လက် တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့လည်း Telenor Myanmarရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telenor Myanmarဟာ ၂၀၁၄ မှာ လုပ်ငန်း စတင် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကစလို့ မြန်မာနိုင်ငံမှာ Telenorရဲ့ ရင်းနှီး မြှုပ်နှံမှုတွေက ဒေါ်လာ ၆၀၅ သန်းကျော်လောက်ထိ ရှိခဲ့ပါတယ်။ M1 Groupကတော့ လက်ဘနွန်မှာ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဓိက လုပ်ငန်းစုကြီး တစ်ခုလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

သတင်း

အာဏာသိမ်း စစ်တပ်ဆီကို သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစု Telenorကို တရားစွဲဆိုဖို့ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေက စီစဉ်နေကြောင်း သိရပါတယ်။