Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗိုလ်ချုပ်ကြီးယွက်စစ်ကို နုတ်ထွက်ခွင့်ပြုပြီး​နောက် PPSTကို စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် ရှေ့ဆက်မည်

ယခု ဇူလိုင် ပထမပတ်တွင် ကျင်းပခဲ့သည့် PPST အစည်းအဝေးတွင် နုတ်ထွက်ခွင့်တင်ပြလာသည့် ဗိုလ်ချုပ်ကြီး ယွက်စစ် နေရာတွင် တစ်ဦးတည်း ဦးဆောင်သည့် ပုံစံမဟုတ်ဘဲ NMSPမှ နိုင်အောင်မင်း၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း တို့သုံးဦးပါယာယီ ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အပစ်ရပ်ဆယ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် ဗိုလ်ချုပ်ကြီးယွက်စစ်၏ အဆိုပြုချက်ကို PPST အစည်းအဝေးက လက်ခံလိုက်ပြီး မွန်ပြည်သစ်ပါတီ(NMSP) မှ နိုင်အောင်မင်း အပါအဝင် ၃ဦးပါဝင်သော စုပေါင်းခေါင်းဆောင်မှုဖြင့် ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်သည်။

NCA အကောင်အထည်ဖော်ရာတွင်မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှုပေးရန် ဖွဲ့စည်းထားသည့် PPST ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုး က ပထမဆုံး ဦးဆောင်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ယူခဲ့သည်။

ယခု ဇူလိုင် ပထမပတ်တွင် ကျင်းပခဲ့သည့် PPST အစည်းအဝေးတွင် နုတ်ထွက်ခွင့်တင်ပြလာသည့် ဗိုလ်ချုပ်ကြီး ယွက်စစ် နေရာတွင် တစ်ဦးတည်း ဦးဆောင်သည့် ပုံစံမဟုတ်ဘဲ NMSPမှ နိုင်အောင်မင်း၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း တို့သုံးဦးပါယာယီ ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။

“ယာယီ ဦးဆောင်ကော်မတီအနေနဲ့ စုပေါင်းဦးဆောင်မှုဖြင့် PPST ကို ဆက်လက် ဦးဆောင်သွားနိုင် လိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယာယီဦးဆောင်ကော်မတီအနေဖြင့် NCA လက်မှတ်ထိုး ဆယ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ထပ်မံခေါ်ယူကျင်းပပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အဆိုပါ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည်ကို မကြေညာသေးပေ။PPSTကို ၂၀၁၆ ခုနှစ်မှစ၍ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ထိပ်သီးခေါင်းဆောင်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံတကာ

သတင်းတွေအရ ဟွန်ဆန်းဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် အာဏာရပါတီ အကြီးအကဲ နေရာအပြင် အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ ရယူပြီး နိုင်ငံရေး လုပ်ပိုင်ခွင့် ပမာဏ ကြီးကြီးမားမားကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရူတေးဟာ နယ်သာလန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း သူဦးဆောင်တဲ့ စတုတ္ထမြောက် ညွန့်ပေါင်း အစိုးရသစ် တစ်ရပ်ကို ထပ်မံဖွဲ့စည်းဖို့ အားထုတ်သွားဖွယ် ရှိနေပါတယ်။