Connect with us

Hi, what are you looking for?

News

ဗိုလ်ချုပ်ကြီးယွက်စစ်ကို နုတ်ထွက်ခွင့်ပြုပြီး​နောက် PPSTကို စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် ရှေ့ဆက်မည်

ယခု ဇူလိုင် ပထမပတ်တွင် ကျင်းပခဲ့သည့် PPST အစည်းအဝေးတွင် နုတ်ထွက်ခွင့်တင်ပြလာသည့် ဗိုလ်ချုပ်ကြီး ယွက်စစ် နေရာတွင် တစ်ဦးတည်း ဦးဆောင်သည့် ပုံစံမဟုတ်ဘဲ NMSPမှ နိုင်အောင်မင်း၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း တို့သုံးဦးပါယာယီ ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အပစ်ရပ်ဆယ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် ဗိုလ်ချုပ်ကြီးယွက်စစ်၏ အဆိုပြုချက်ကို PPST အစည်းအဝေးက လက်ခံလိုက်ပြီး မွန်ပြည်သစ်ပါတီ(NMSP) မှ နိုင်အောင်မင်း အပါအဝင် ၃ဦးပါဝင်သော စုပေါင်းခေါင်းဆောင်မှုဖြင့် ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်သည်။

NCA အကောင်အထည်ဖော်ရာတွင်မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှုပေးရန် ဖွဲ့စည်းထားသည့် PPST ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုး က ပထမဆုံး ဦးဆောင်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ယူခဲ့သည်။

ယခု ဇူလိုင် ပထမပတ်တွင် ကျင်းပခဲ့သည့် PPST အစည်းအဝေးတွင် နုတ်ထွက်ခွင့်တင်ပြလာသည့် ဗိုလ်ချုပ်ကြီး ယွက်စစ် နေရာတွင် တစ်ဦးတည်း ဦးဆောင်သည့် ပုံစံမဟုတ်ဘဲ NMSPမှ နိုင်အောင်မင်း၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း တို့သုံးဦးပါယာယီ ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။

“ယာယီ ဦးဆောင်ကော်မတီအနေနဲ့ စုပေါင်းဦးဆောင်မှုဖြင့် PPST ကို ဆက်လက် ဦးဆောင်သွားနိုင် လိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယာယီဦးဆောင်ကော်မတီအနေဖြင့် NCA လက်မှတ်ထိုး ဆယ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ထပ်မံခေါ်ယူကျင်းပပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အဆိုပါ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည်ကို မကြေညာသေးပေ။PPSTကို ၂၀၁၆ ခုနှစ်မှစ၍ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ထိပ်သီးခေါင်းဆောင်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လောင်စာဆီ တင်ပို့ရောင်းချမှု နိုင်ငံများ အသင်း (OPEC)ကနေ နုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံက တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရက်တစ် ပါတီက တခြားပါတီငယ်တွေကိုပါ စည်းရုံးနိုင်မယ်ဆိုရင် အမတ်နေရာ ၁၉၂ ခုစာ မဲတွေကို ရရှိထားမှာ ဖြစ်ပါတယ်။