အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ ဇူလိုင် ၈ ရက်မှာ တွေ့ဆုံခဲ့ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် မြန်မာပြည်သူတွေနဲ့အတူရပ်တည်လုပ်ဆောင်မယ့်အမေရိကန်ရဲ့ ကတိကဝတ်ကို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အရပ်ဖက်အဖွဲ့ခေါင်းဆောင်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး၊ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို နောက်ကြောင်းပြန်လှည့်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျူးလွန်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံနိုင်ရေးတိုးမြှင့်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
