Connect with us

Hi, what are you looking for?

News

NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံရလို့ ပြင်ပဆေးရုံမှာ ကုသပေးနေ

ကိုယ်လက်ကိုက်ခဲတဲ့အတွက် ဆရာဝန်နဲ့ကုသရင်း စစ်ဆေးရာမှာတော့ ကိုဗစ်ကူးစက်ခံထားရတာကို သိရတာလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က ဖြေကြာထားတာပါ။

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ ကိုဗစ်ကူးစက်ခံထားရလို့ ပြင်ပဆေးရုံကို ပို့ဆောင်ကာ အရေးပေါ်ကုသပေးနေရတယ်လို့ မြန်မာနောင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

ကိုယ်လက်ကိုက်ခဲတဲ့အတွက် ဆရာဝန်နဲ့ကုသရင်း စစ်ဆေးရာမှာတော့ ကိုဗစ်ကူးစက်ခံထားရတာကို သိရတာလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က ဖြေကြာထားတာပါ။

ဦးဉာဏ်ဝင်းဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းကတင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲံရတာပါ။အဲဒီနောက်အင်းစိန်ထောင် ပို့လိုက်တာလည်းဖြစ်ပါတယ်။အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ မြန်မာနောင်းမ်ရဲ့ဖော်ပြချက်အရသိရပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်ဆေးရုံကြီး ၊အရေးပေါ်ဌာနရဲ့ တာဝန်ခံ ဒေါက်တာမော်မော်ဦးဟာလည်း ကိုဗစ်ကူးစက်ခံရလို့ ပြင်ပဆေးရုံကိုပို့ဆောင်ကုသပေးနေတယ်လို့သိရပါတယ်။ဦးဉာဏ်ဝင်းကို ရန်ကုန်ဆေးရုံကြီး ၊ဒေါက်တာမော်မော်ဦးကို မြောက်ဥက္ကလာပ ဆေးရုံတွေမှာ ကုသပေးနေတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။