Connect with us

Hi, what are you looking for?

News

NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံရလို့ ပြင်ပဆေးရုံမှာ ကုသပေးနေ

ကိုယ်လက်ကိုက်ခဲတဲ့အတွက် ဆရာဝန်နဲ့ကုသရင်း စစ်ဆေးရာမှာတော့ ကိုဗစ်ကူးစက်ခံထားရတာကို သိရတာလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က ဖြေကြာထားတာပါ။

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ ကိုဗစ်ကူးစက်ခံထားရလို့ ပြင်ပဆေးရုံကို ပို့ဆောင်ကာ အရေးပေါ်ကုသပေးနေရတယ်လို့ မြန်မာနောင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

ကိုယ်လက်ကိုက်ခဲတဲ့အတွက် ဆရာဝန်နဲ့ကုသရင်း စစ်ဆေးရာမှာတော့ ကိုဗစ်ကူးစက်ခံထားရတာကို သိရတာလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က ဖြေကြာထားတာပါ။

ဦးဉာဏ်ဝင်းဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းကတင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲံရတာပါ။အဲဒီနောက်အင်းစိန်ထောင် ပို့လိုက်တာလည်းဖြစ်ပါတယ်။အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ မြန်မာနောင်းမ်ရဲ့ဖော်ပြချက်အရသိရပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်ဆေးရုံကြီး ၊အရေးပေါ်ဌာနရဲ့ တာဝန်ခံ ဒေါက်တာမော်မော်ဦးဟာလည်း ကိုဗစ်ကူးစက်ခံရလို့ ပြင်ပဆေးရုံကိုပို့ဆောင်ကုသပေးနေတယ်လို့သိရပါတယ်။ဦးဉာဏ်ဝင်းကို ရန်ကုန်ဆေးရုံကြီး ၊ဒေါက်တာမော်မော်ဦးကို မြောက်ဥက္ကလာပ ဆေးရုံတွေမှာ ကုသပေးနေတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းရန် ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

သတင်း

လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့ သမိုင်းအစဉ်အလာကြီး မားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD) ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ပါတီဝင်များအနေဖြင့်စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါကပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းNLDဗဟိုအလုပ်ကော်မတီကယနေ့ ထုတ်ပြန်သည်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရှိရ၍ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။