Connect with us

Hi, what are you looking for?

LuduNwayOo

News

လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၅.၈သန်း ဂျပန်ထပ်မံပေးအပ်

“ဂျပန်အစိုးရဟာ အကူအညီတွေပေးအပ်ရင်း မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ”လို့ နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅.၈ သန်း ထပ်မံပေးအပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတီဂီက ဇူလိုင် ၁၃ရက်မှာ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စားနပ်ရိက္ခာနဲ့ နေ့စဥ်လိုအပ်ချက်တွေရှိလာတဲ့ မြန်မာနိုင်ငံကို အခုလို အကူအညီပေးအပ်တာဖြစ်ပြီး အဲဒီအကူအညီတွေကို ကုသလမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တွေက တစ်ဆင့် ပေးအပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ထိုင်းနယ်စပ်အနီး ဒုက္ခရောက်နေတဲ့ ပြည်သူ ၁၃၆၀၀၀ ခန့်ကို အထောက်အပံ့ပေးနိုင်မယ်လို့ ဂျပန်က မျှော်လင့်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်ဟာ ကနဦးအကူအညီအဖြစ် စားနပ်ရိက္ခာထောက်ပံ့မှုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က တစ်ဆင့် ရန်ကုန်မြို့နေ ပြည်သူ ၆၀၀၀၀၀ ခန့်အတွက် အမေရိကန်ဒေါ်လာ ၄ သန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီးနောက် ဂျပန်ဟာ လူသားချင်းစာနာမှုအကူအညီအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ထောက်ပံ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ဂျပန်အစိုးရဟာ အကူအညီတွေပေးအပ်ရင်း မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ”လို့ နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချထားပြီး အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်ဆီ ပြန်သွားရေးတို့ကို တောင်းဆိုတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။