Connect with us

Hi, what are you looking for?

News

လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၅.၈သန်း ဂျပန်ထပ်မံပေးအပ်

“ဂျပန်အစိုးရဟာ အကူအညီတွေပေးအပ်ရင်း မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ”လို့ နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅.၈ သန်း ထပ်မံပေးအပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတီဂီက ဇူလိုင် ၁၃ရက်မှာ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စားနပ်ရိက္ခာနဲ့ နေ့စဥ်လိုအပ်ချက်တွေရှိလာတဲ့ မြန်မာနိုင်ငံကို အခုလို အကူအညီပေးအပ်တာဖြစ်ပြီး အဲဒီအကူအညီတွေကို ကုသလမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တွေက တစ်ဆင့် ပေးအပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ထိုင်းနယ်စပ်အနီး ဒုက္ခရောက်နေတဲ့ ပြည်သူ ၁၃၆၀၀၀ ခန့်ကို အထောက်အပံ့ပေးနိုင်မယ်လို့ ဂျပန်က မျှော်လင့်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်ဟာ ကနဦးအကူအညီအဖြစ် စားနပ်ရိက္ခာထောက်ပံ့မှုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က တစ်ဆင့် ရန်ကုန်မြို့နေ ပြည်သူ ၆၀၀၀၀၀ ခန့်အတွက် အမေရိကန်ဒေါ်လာ ၄ သန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီးနောက် ဂျပန်ဟာ လူသားချင်းစာနာမှုအကူအညီအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ထောက်ပံ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ဂျပန်အစိုးရဟာ အကူအညီတွေပေးအပ်ရင်း မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ”လို့ နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချထားပြီး အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်ဆီ ပြန်သွားရေးတို့ကို တောင်းဆိုတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။