Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး ဖြေရှင်းမှုမှာ အာဆီယံရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အာဆီယံဆီက ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်မှုမျိုးတွေကို အမေရိကန် အစိုးရက တောင်းဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ဇူလိုင် ၁၄ ရက်မှာ ဘလင်ကန်က ပြောကြားသွားပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ ဗီဒီယို ကွန်ဖရင့် အစည်းအဝေးမှာ ဘလင်ကန်က အခုလို တိုက်တွန်းသွားခဲ့တာပါ။

မြန်မာနိုင်ငံက သွေးမြေကျ အကြမ်းဖက် ဖြစ်စဉ်တွေ ရပ်တန့်ဖို့၊ ဒီမိုကရေစီ ပြန်လည် အသက်ဝင်လာစေဖို့ အာဆီယံက ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်စေချင်တယ်လို့ ဘလင်ကန်က ဆိုပါတယ်။ ပြီးတော့ ဧပြီလတုန်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ညှိနှိုင်း သဘောတူထားတဲ့ အချက်တွေ အမြန်ဆုံး အကောင်အထည် ပေါ်လာအောင် အားထုတ်ပေးကြဖို့လည်း ဘလင်ကန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေက အဖက်ဖက်က ယိမ်းယိုင်ပြီး ချွတ်ခြုံကျလာခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် သေဆုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေ၊ ဆန္ဒပြသူတွေ အရေအတွက်ကလည်း ထောင်ဂဏန်းထိ နီးကပ်လာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ Covid-19 ကပ်ရောဂါဆိုးရဲ့ ဖိစီးမှုတွေနဲ့လည်း ကြုံလာရပါတယ်။

ဝန်ကြီး ဘလင်ကန်ဟာ မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီး ခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ပြန်သွားဖို့လည်း အလေးအနက် တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အွန်လိုင်းကွန်ဖရင့် ပြုလုပ်ရာမှာ ဘလင်ကန်က တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ဆွေးနွေးသွားပါတယ်။ ဘလင်ကန်က တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်ရဲ့ ရေပိုင်နက် လွှမ်းခြုံ စိုးမိုးနေတဲ့ ခြေလှမ်းတွေကို ကန့်ကွက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေနဲ့အတူ ကူညီ ရပ်တည်နေမယ်လို့လည်း ကတိပြုသွားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။