Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး မြန်မာပြည်သူများ ကူရာမဲ့ဖြစ်နေ၍ နိုင်ငံတကာ အမြန်ဆုံးဝင်ရောက် ကာကွယ်၊ထိန်းချုပ်ပေးရန် ဦးမင်းကိုနိုင်တောင်းဆို

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ဘေးဒုက္ခအတိရောက်မယ့် အခြေအနေအပေါ် အရေးပေါ်ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ယမန်နေ့တွင် တောင်းဆိုထားသည်။

(ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူများအား မီးသင်္ဂြိုလ်ရန် ရေဝေးသုသာန်၌ ထားရှိသည်ကို ယမန်နေ့က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်ပြီး မြန်မာပြည်သူများ ကူရာကယ်ရာမဲ့ဖြစ်နေ၍ နိုင်ငံတကာအနေဖြင့် အမြန်ဆုံးဝင်ရောက်လာပြီး ကပ်ရောဂါကို ကာကွယ်၊ထိန်းချုပ်မှုပြုလုပ်ပေးရန် တွန့်ဆုတ်မနေသင့်ကြောင်း ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က PVTVနှင့်မေးမြန်းမှုတွင် တိုက်တွန်း ပြောကြားသည်။“တိုင်ငံတကာက ကြည့်ကြပါ။

ကျွန်တော်တို့တိုင်းပြည်ထဲကို အောက်ဆီဂျင်တောင်မှ မှောင်ခိုဝယ် နေရတဲ့ ပြည်သူတွေ ဘဝကိုကြည့်ပါ။ တစ်ချို့ဆေးဆိုင်တွေတောင်ပိတ်ဖို့ ညွှန့်ကြားတဲ့သူနဲ့ဗျာ။ လူတွေမှာ ကူရာ ကယ်ရာမဲ့ဗျ။ တစ်ချိန်လုံး ကူးစက်လာပြီ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဆက်လက်၍ ၎င်းက “R2P နဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ ကိုယ့်ဘာသာပဲ ကာကွယ်မယ်။ ကိုယ့်ပြည်တွင်းဖြစ်ပဲနဲ့ပဲ ကာကွယ်မယ်။ ဒါက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကနေ ကာကွယ်တာကိုပြောတာ။ နိုင်ငံတကာကို မမျှော်ဘူး။ ဒါက ကျွန်တော်တို့ပြည်သူတွေ သံဓိဌာန်။ ကျွန်တော်တို့ ပြည်သူတွေခိုင်မာတယ်။ ကိုယ့်အားကို ကိုးမယ်။ အခုဟာက ကပ်ရောဂါ။ အဲဒီ အတွက်ကတော့ တင်မှ။ နိုင်ငံတကာဝင်မှ ကိုင်တွယ်ရမယ်၊ ထိန်းချုပ်ရမယ်။ကာကွယ်ရမယ်။ တွန့်ဆုတ် တွေဝေနေမယ်ဆိုရင် နောက်ကျမှာ။ နောက်ကျသွားရင်တော့ လူသားတစ်မျိုးနွယ်လုံးအတွက် နောင်တရ စရာတွေဖြစ်မှာပဲ။ ဒီစစ်ကောင်စီရဲ့ လူသားမဆန်မှုကို လူသားဆန်မှုတွေနဲ့ ဝင်ကယ်ရမှာ။‌ရေနစ် တဲ့သူကို ကယ်ဖို့ဆိုတာက အစည်းဝေးလုပ်စရာမလိုပါဘူး”ဟု ပြောသည်။

ထို့အပြင် ကိုဗစ်ကပ်ရောဂါ စစ်ကောင်စီအဖွဲ့၏ကိုင်တွယ်ပုံမှာ ပခုက္ကူဆေးရုံက မြင်ကွင်းအတိုင်းဟု ဦးမင်းကိုနိုင်က ဥပမာပေးပြောကြားသည်။

Public Service Announcement

Public Service Announcement

“P ဖြစ်သွားပြီဆိုတဲ့သူတွေ ကြောက်ရွံ့ထိန့်လန့်နေတဲ့သူတွေကို ဘာပြောနိုင်လဲ၊ဆေးရုံက အိမ်ပြန်တဲ့။ အိမ်ဆိုတာ အရပ်ထဲကို ပြန်ခိုင်းတာလေဗျာ။ အရပ်ထဲမှာ ကူးနိုင်တယ်ဆိုတာ လူတိုင်းသိတယ်။ ပြန်ခိုင်းတယ်ဗျ။ ဘာဖြစ် လို့လဲ ဆေးရုံက ဘာမှမလုပ်နိုင်တော့ဘူးတဲ့။ အနည်းဆုံး ကိုဗစ်စင်တာတောင် မရှိတော့ဘူး။ ဒါကိုကဗျာ တော်တော်ကို ပေါ်နေပါပြီ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ တိုင်းပြည်ပြိုလဲသွားပြီး အထူးသဖြင့် ကျန်းမာရေးကိစ္စပြိုလဲသွားကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။ထို့အပြင် ကျန်းမာရေးဝန်ထမ်းများမှာ ကပ်ရောဂါဆိုးကို ကုသပေးချင်သော်လည်း စစ်ကောင်စီ၏ ဖမ်းဆီး ဝရမ်းထုတ်မှုများကြောင်း တိမ်းရှောင်နေရကြောင်း ၎င်းကဆိုသည်။

“သူတို့ရဲ့ လုံခြုံရေးကို ဘယ်သူက အာမခံမှာလဲ သူတို့ကို မဖမ်းပါဘူးလို့ ဘယ်သူက ကတိပေးမလဲ။ သူတို့ကို ဝရမ်းတွေထုတ်ထားတယ်လေဗျာ။ တကယ်လာခဲ့ရင်ရော ၊သူတို့ကနေခေါ်ခဲ့တယ် ဆိုရင်ရော ဘယ်လောက်ယုံကြည်ရမှာလဲ။ သူတို့ကရော ဘုံကြည်စရာကောင်းတဲ့သူတွေလား။ ပြည်သူတွေခံစားနေရတာကို ကြည့်ပြီးတော့ တကယ်လည်း ကျန်းမာရေး ဝန်ထမ်းတွေက ရင်နာနေရတာပါဗျာ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ဘေးဒုက္ခအတိရောက်မယ့် အခြေအနေအပေါ် အရေးပေါ်ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ယမန်နေ့တွင် တောင်းဆိုထားသည်။

မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး၊ အခြားသော ကိစ္စရပ်တွေအပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်ညွန့်ပေါင်းဖွဲ့ဆောင်ရွက်ရေးကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က ဂျီနီဗာ၊ လူ့အခွင့်အရေးကောင်စီ၌ တောင်းဆိုခဲ့မှုကို Tom Andrews က ထပ်လောင်းတောင်းဆိုထားသည်။

ကိုဗစ်လူနာသေဆုံးများသေဆုံးမှု အရမ်းများပြားနေပြီး ရန်ကုန်မြို့ရှိသင်္ချိုင်းများ၌ သင်္ဂြိုလ်ရန် ယမန်နေ့က ညသန်းခေါင်ချိန်အထိ တန်းစီစောင့်နေရသည့် အနေအထားများဖြစ်ခဲ့သည်။

စစ်ကောင်စီအဖွဲ့သည် နေ့စဉ် လူနာတိုးနှုန်း၊ သေဆုံးမှု အရေအတွက်များကို ထုတ်ပြန်ပေးနေပြီး ယမန်နေ့တွင် သေဆုံးသူ ၁၄၅ ဦးသာရှိကြောင်းနှင့် ပိုးတွေ့လူနာ ၇၀၈၃ဦးရှိကြောင်း ထုတ်ပြန်သည်။

သို့သော် ကျန်းမာရေး ဝန်းများနှင့် လူမှုကယ်ဆယ်ရေးအသင်းများ၏ ခန့်မှန်းချက်များအရ ယမန်နေ့တစ်ရက်တည်းတွင် ကိုဗစ်ရောဂါ ကြောင့် လူရာနှင့်ချီသေဆုံးမှုရှိခဲ့ကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော