Connect with us

Hi, what are you looking for?

LuduNwayOo

News

စာ​ရေးဆရာကြီး ဆင်ဖြူကျွန်း​အောင်သိန်းကွယ်လွန်

ဆရာ ရေးသား ပြုစုခဲ့သော စာအုပ်မျိုးစုံ (၂၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဝတ္ထု၊ ဆောင်းပါး ပုဒ်ရေပေါင်း (၃၀၀၀) ခန့် ရေးသား ထုတ်ဝေခဲ့သည်။

ကိုဆေးရိုးဇာတ်ကောင်နှင့် ကျေးလက်ဝတ္ထုများ၊တော်လှန် ရေးဝတ္ထုများဖြင့် နာမည်ရခဲ့သည့် အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ယနေ့ ဇူလိုင်လ၁၄ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း စာပေ လောကအသိုင်းအဝိုင်းမှ သိရသည်။

“ဆရာကြီးဆင်ဖြူကျွန်းအောင်သိန်း ယနေ့၁၅. ၇. ၂၀၂၁(ကြာသပတေး)နေ့မနက်မှာ ဆုံးကြောင်းအတူနေ ချွေးမ ဖြစ်သူကဆရာထွဋ်ခေါင်ထံ ၁၁နာရီ၁၀ မိနစ်မှာ ဖုန်းဆက်အကြောင်းကြားလာပါတယ်။ ထိုမှတဆင့်သိရှိရ၍ စာပေလောကမိတ်ဆွေများသိရှိရန်သတင်းပေးအပ်ပါတယ်။”ဟု စာရေးဆရာမ ယုဒါက သူ၏ ဖေ့ဘွတ်ခ်မှတဆင့် အသိပေးခဲ့သည်။

ဆရာကြီးသည် ကွယ်လွန်ချိန်တွင် ၉၃ နှစ်ရှိပြီဖြစ်သည်။ဆရာကြီးဆင်ဖြူကျွန်းအောင်သိန်းကို မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်၊ ယမ်းဖိုကျွန်းရွာဇာတိ ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ( ၁၀ ) ရက်နေ့တွင် အဖ ယာသမား ဦးရွှေစံ၊ အမိ ဒေါ်ငွေဇင်တို့မှ ဖွားမြင်သော သားသမီးလေးယောက် အနက် စတုတ္ထမြောက်သား ဖြစ်သည်။ အမည်ရင်း ဦးကြည်အေး ဖြစ်သည်။

ဒုတိယကမ္ဘာစစ် မတိုင်မီက ဆင်ဖြူကျွန်းဒိစတြိတ်ကောင်စီ အထောက်အပံ့ခံ မူလတန်းကျောင်းနှင့် ဆင်ဖြူကျွန်း ဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်း ပညာများ သင်ခဲ့၏။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဆင်ဖြူကျွန်း ဆရာနွယ် အထက်တန်းကျောင်းတွင် အထက်တန်းပညာသင်ခဲ့၏။

Public Service Announcement

Public Service Announcement

၁၉၅၅ တွင် ဂွတ္တလစ်ကျောင်းသားဂုဏ် အလွတ်ပညာသင်ကျောင်း၌ ဆက်လက်ပညာသင်ယူခဲ့ရာ ၁၉၅၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ခဲ့သည်။၁၉၅၀ – ၁၉၅၁ တွင် မြေပြင်ပစ် အမြောက်ကြီးတပ် တပ်ရင်း (၁ ) ၌ တပ်သားအဖြစ် ၁၉၅၃ အထိ အမှုထမ်းသည်။

၁၉၅၁ ခုနှစ်တွင် ရွှေဇင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ ရေးသားခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင် အမည်သို့ ပြောင်းလဲ ခဲ့သည်။

ထို့နောက် ၁၉၅၇ – ၅၈ တွင် ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ၁၉၅၈ – ၅၉ တွင် ရုပ်ရှင် လောက၊ ယနေ့ရုပ်ရှင်နှင့် နတ်သျှင်နောင် စာစောင်တို့တွင် တာဝန်ခံအယ်ဒီတာ ၊ ၁၉၆၃ တွင် တံခွန်ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်၊ ၁၉၆၄ – ၆၅ တွင် ကာနယ်ဇင်း၌ တာဝန်ခံ အယ်ဒီတာ အဖြစ် အမှုထမ်းခဲ့၏။

ဆရာ ရေးသား ပြုစုခဲ့သော စာအုပ်မျိုးစုံ (၂၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဝတ္ထု၊ ဆောင်းပါး ပုဒ်ရေပေါင်း (၃၀၀၀) ခန့် ရေးသား ထုတ်ဝေခဲ့သည်။

ဆရာ ရေးသားခဲ့သော စာပေလက်ရာမွန်များ အနက် ကိုဆေးရိုး ဝတ္ထုများသည် အထင်အရှားဆုံးနှင့် လူကြိုက်အများဆုံး ဖြစ်သည်။ ဆရာသည် ဘဝတသက်တာလုံး စာပေ ရေးသားခြင်းဖြင့် အသက်မွေးခဲ့ပြီး စာပေများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။

၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုးဝတ္ထု အမှတ် (၄) ဖြင့် လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ကိုဆေးရိုးဝတ္ထု အမှတ် (၆) ဖြင့် လည်းကောင်း အမျိုးသားစာပေဆုများ ချီးမြှင့်ခံခဲ့ရသည်။

ထို့ပြင် ၁၉၉၈ ခုနှစ်တွင် (၂၀) ကြိမ်မြောက် အရှေ့တောင်အာရှစာပေဆု ချီးမြှင့်ခြင်းခံရသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်၍ စာပေဆုကို လက်ခံရယူခဲ့သည်။ ဆရာသည် ၁၉၈၀ ပြည့်နှစ်မှ စ၍ စာပေလုပ်သားအဖွဲ့တွင် အမှုဆောင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ သာကေတ မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်များ ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံ စာပေ ဝါသနာရှင် အဖွဲ့အစည်းနှင့် ကမ်ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် ( မြန်မာနိုင်ငံ )တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၅၁ – ၅၂ တွင် ‘ရွှေဇင်’ ကလောင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ စရေးခဲ့၏။ ၁၉၅၃ တွင် လူငယ်ဂျာနယ်၌ ‘ဆင်ဖြူကျွန်းအောင်သိန်း’ ကလောင်အမည်ဖြင့် ကဗျာများ စရေး၏။ ၁၉၅၃ သွေးသောက်မဂ္ဂဇင်းပါ ‘စွပ်ကြယ်’ သည် ဆင်ဖြူကျွန်းအောင်သိန်း၏ ပထမဆုံး ဝတ္ထုတို ဖြစ်သည်။ ‘လွမ်းယမုံဦး’ (၁၉၅၇) သည် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည်။ကိုဆေးရိုး အဓိက ဇာတ်ဆောင်ပြု ဝတ္ထုတိုများ သည် သူ၏ ထင်ရှားသော ဝတ္ထုတိုများ ဖြစ်သည်။

ထိုဝတ္ထုတိုများကို စုပေါင်း၍ လေးတွဲ ထုတ်ခဲ့၏။ ‘ဂဠုန်ဆရာစံ’ (၁၉၆၅) ၊ ‘သွေးစွန်းသောလက်’ (၁၉၆၆) ၊ ‘လယ်သမားသူပုန်’ (၁၉၇၀)၊ ‘သတ်ရဲသည်သေရဲသည်’ (၁၉၆၉)၊ ‘နီရဲသောဗိုလ်ဥတ္တမ’ ( ၁၉၇၀ ) စသည့် ဝတ္ထုများနှင့် ‘နေမင်းလမင်းသိန်းရာထောင်’ (၁၉၆၅) ပြဇာတ်များကို ရေးခဲ့၏။

၁၉၉၀ ပြည့်နှစ် အတွက် အမျိုးသားစာပေဆုကို ‘ကိုဆေးရိုး (၄)’ စာအုပ်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ဘာသာရပ်ဖြင့် ရရှိခဲ့သည်။

ထို့ပြင် ၂၀ဝ၅ အတွက် အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို ‘နေမင်းတစ်ထောင် (၈) တွဲ’ ဖြင့် ရရှိခဲ့သည်။ ၂၀ဝ၈ တွင် အမျိုးသားစာပေ တစ်သက်တာ ဆုကိုလည်း ရရှိခဲ့ပေသည်။

ဆင်ဖြူကျွန်းအောင်သိန်းသည် အမည်ရင်း ဦးကြည်အေးဖြင့်လည်း စာအုပ်များ ရေးခဲ့သည်။ အခြားထင်ရှားသော ကလောင်အမည်ပွားတစ်ခုမှာ ‘ဇင်အောင်’ ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

နိုင်ငံတကာ

ကိုကိုလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က Instagramမှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့ရာမှာ တစ်ခါတလေ လူ့ဘဝဟာ သည်းမခံနိုင်လောက်အောင် ဒုက္ခတွေ များလွန်းတယ်လို့ ရေးသားထားခဲ့ပါတယ်။