Connect with us

Hi, what are you looking for?

News

ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးဗုံး​ပေါက်ကွဲ၊ အရာရှိတစ်ဦးအပါအဝင်နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် ​နေရာအနှံ့အပြားတွင် မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးများတွင် ဗုံး​ပေါက် ကွဲမှုများ ဆက်တိုက်ဖြစ်​နေသည်။

(ဗုံး​ပေါက်ကွဲမှု​ကြောင့် ဒဏ်ရာရရှိသူတစ်ဦးကို ​သယ်​ဆောင်​နေစဥ်)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံး၌ ယနေ့နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ရာအဆိုပါလျှပ်စစ်ရုံးမှအရာရှိတစ်ဦးနှင့် မီတာလာဆောင်သည့် ပြည်သူတစ်ဦး​သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့​ကြောင်း ​ဒေသခံများက​ပြောသည်။

အဆိုပါလျှပ်စစ်ရုံးသို့ ဗုံးလာ​ရောက်ပစ်သွားခြင်းဖြစ်​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။ လက်ရှိတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​ရောက်လာပြီး လမ်းပိတ်ဆို့၍ စစ်​ဆေးမှုများပြုလုပ်​နေ​ကြောင်း ​ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် ​နေရာအနှံ့အပြားတွင် မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးများတွင် ဗုံး​ပေါက် ကွဲမှုများ ဆက်တိုက်ဖြစ်​နေသည်။

ရန်ကုန်မြို့အတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ လျှပ်စစ်မန်​နေဂျာရုံးများတွင် ဇူလိုင်၉ရက်နံနက်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် စစ်ကောင်စီအဖွဲ့က မီတာခများပေးဆောင်ရန်အတင်းအကျပ် ဖိအားပေး​တောင်ခံလာပြီးနောက် မြို့နယ်အသီးသီးရှိ လျှပ်စစ်ရုံးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာသည်။

ပြီးခဲ့တဲ့ ဇူလိုင်၇ ရက်ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးများ၌ ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ပြည်သူများအပေါ် လျှပ်စစ်မီးမီတာခ ပေးဆောင်ရန် အတင်းအကြပ် ဖိအားပေး ကောက်ခံသူများကို စစ်ကောင်စီအဖွဲ့ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသူများအဖြစ် သတ်မှတ်ပြီး ထပ်မံဖိအားပေး ကောက်ခံနေပါက အသက်ကိုအာမ မခံနိုင်​ကြောင်း မြို့ပြပြောက်ကျားတပ်ဦး (UGRF) ကဇူလိုင်၈ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။