Connect with us

Hi, what are you looking for?

News

ကိုဗစ်ဒဏ်ခံ မြန်မာကို အရေးပေါ်တုန့်ပြန်ဖို့နဲ့ အသက်ကယ်ရေးအကူအညီပေးဖို့ နိုင်ငံတကာကို အထူးအကြံ ပေးကောင်စီတိုက်တွန်း

စစ်တပ်ဟာ နိုင်ငံရေးအကျိုးအမြတ်အတွက် ဒီမိုကရေစီလှုပ်ရှားမှုကို အသက်ရှုကြပ်စေအောင် ကိုဗစ်ကို လက်နက်သဖွယ်အသုံးပြုနေပြီး တရားဝင်မှုရဖို့၊ တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ ကောင်စီမှ Yanghee Lee က ပြောပါတယ်။

(ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူများအား မီးသင်္ဂြိုလ်ရန် ရေဝေးသုသာန်၌ ထားရှိသည်ကို ဇူလိုင်၁၅ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ကိုဗစ်-၁၉ ဆိုးရွားစွာခံစားနေရတဲ့ မြန်မာနိုင်ငံကို အရေးပေါ်တုန့်ပြန်ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ကွန်ယက်တွေကတဆင့် နိုင်ငံအတွင်း အသက်ကယ်ဆယ်ရေးအကူအညီပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက မနေ့က တိုက်တွန်းထုတ်ပြန်ပါတယ်။

ပြည်တွင်းတုန့်ပြန်ဆောင်ရွက်သူတွေ၊ တိုင်းရင်းသားအရေးလုပ်ဆောင်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတဝန်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေဟာ အရေးတကြီးဝန်ဆောင်မှုတွေပေးဖို့ နဲ့ ကြီးမားတဲ့ ကိုဗစ်တတိယလှိုင်းရဲ့ရိုက်ခတ်မှုကြောင့် သန်းနှင့်ချီတဲ့ ပြည်သူတွေကို အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုအကူအညီပေးဖို့ တိုက်ပွဲဝင်နေကြပါတယ်လို့ အကြံပေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“သူတို့(မြန်မာပြည်သူတွေ)ဟာ အရေးပေါ် အကူအညီလိုအပ်နေပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး “စစ်တပ်ဟာ ကိုဗစ်ပိုးကို လွတ်လွတ်လပ်လပ်ပြန့်နှံ့ဖို့ ခွင့်ပြုထားပါတယ်။ ဖေဖော်ဝါရီ အာဏာသိမ်းမှုကလည်း ကျရှုံးနေပါပြီ။ စစ်တပ်ဟာ ပုံမှန်အစိုးရတစ်ရပ်ကို မတည်ဆောက်နိုင်သေးဘဲ အဲဒီလို လုပ်နိုင်စွမ်းလည်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ကိုဗစ်အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီမိုကရေစီလှုပ်ရှားမှုပါပဲ”လို့ အကြံပေးကောင်စီမှ Chris Sidoti က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုအချိန်မှာ မြေအောက်ဆေးခန်းတွေဖွင့် လည်ပတ်နေရတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ အပါအဝင် သိန်းနှင့်ချီတဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ၊ လူမဆန်မှုတွေကြောင့် တောထဲ ဒါမှမဟုတ် နယ်စပ်ပြည်နယ်တွေဆီ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့ နယ်စပ်ပြည်နယ်တွေကနေ အရေးပေါ်ကူညီရေးလမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ ကောင်စီက တောင်းဆိုပါတယ်။ မြန်မာပြည်မှာ အသက်ပေါင်းများစွာ ဆုံးရှုံးနေရချိန်မှာ စစ်တပ်ပျော်ရွှင်မှုကိုသာ လုပ်ဆောင်နေတဲ့ အာဆီယံကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ အကြံပေးကောင်စီက ဝေဖန်ပါတယ်။

အာဆီယံ၊ ကုလအေဂျင်စီတွေ ဒါမှမဟုတ် ဘယ်နိုင်ငံမဆို ကြန့်ကြာဖို့ အကြောင်းမရှိဘဲ မြန်မာပြည်သူတွေဆီ လက်ငင်းတိုက်ရိုက် အကူအညီတွေပေးဖို့ အကြံပေးကောင်စီက တိုက်တွန်းပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးအကျိုးအမြတ်အတွက် ဒီမိုကရေစီလှုပ်ရှားမှုကို အသက်ရှုကြပ်စေအောင် ကိုဗစ်ကို လက်နက်သဖွယ်အသုံးပြုနေပြီး တရားဝင်မှုရဖို့၊ တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ ကောင်စီမှ Yanghee Lee က ပြောပါတယ်။

“စစ်ဗိုလ်ချုပ်တွေဟာ အကူအညီဖြန့်ဝေဖို့ မိတ်ဖက်တွေမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ့် လူသတ်သမားတွေပဲဖြစ်ပါတယ်”လို့ Yanghee Lee က ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...