Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသားလေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်၊ အလောင်းများ ယူဆောင်သွား

“ည ၁၀နာရီလောက်မှာကတည်းက သူတို့(စစ်ကောင်စီတပ်)ရွာကို ဝင်မယ်လို့သတင်းရတယ်။ ည ၁နာရီလောက်မှာဝင်ပြီးတော့ သေနတ် အချက် ၃၀လောက်ပစ်တယ်။ ညက ရွာကာကွယ်ရေး ပတ်ကင်းနဲ့ သူတို့ တိုးပြီးတော့ ပတ်ကင်းကို ပစ်လိုက်တာ။ ပစ်လိုက်တာ ကင်းအဖွဲ့က လေးယောက်သေတယ်”

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာတွင် ဇူလိုင် ၁၇ရက် ညပိုင်းက စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့ဝင်ရောက်ကာ ရွာသားလေးဦးကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ရွာခံတစ်ဦးက ပြောသည်။

“ည ၁၀နာရီလောက်မှာကတည်းက သူတို့(စစ်ကောင်စီတပ်)ရွာကို ဝင်မယ်လို့သတင်းရတယ်။ ည ၁နာရီလောက်မှာဝင်ပြီးတော့ သေနတ် အချက် ၃၀လောက်ပစ်တယ်။ ညက ရွာကာကွယ်ရေး ပတ်ကင်းနဲ့ သူတို့ တိုးပြီးတော့ ပတ်ကင်းကို ပစ်လိုက်တာ။ ပစ်လိုက်တာ ကင်းအဖွဲ့က လေးယောက်သေတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ​လေးဦးမှာ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့်ကိုအောင်ဟိန်းကျော်တို့ ဖြစ်ကြောင်း ရွာခံများက ပြောသည်။ယနေ့တွင်လည်း စစ်ကောင်စီတပ်များရွာထဲ၌ရှိနေကြောင်း ဒေသခံက ပြောသည်။

“ရွာအခြေအနေက ရဲစခန်းမှာ စစ်ကားသုံးစီးလောက်ရှိတယ်။ စစ်ကားတွေက အလဲအလှယ်နဲ့ လာလိုက်ပြန်လိုက်ပဲ။ အလောင်းတွေကတော့ သယ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် ရွှေဘိုမြို့နယ် တက်တူရွာဘက်သို့ စစ်ကောင်စီတပ်များ သွားရောက်၍ ရွာသူရွာသားများ တိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။