Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသားလေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်၊ အလောင်းများ ယူဆောင်သွား

“ည ၁၀နာရီလောက်မှာကတည်းက သူတို့(စစ်ကောင်စီတပ်)ရွာကို ဝင်မယ်လို့သတင်းရတယ်။ ည ၁နာရီလောက်မှာဝင်ပြီးတော့ သေနတ် အချက် ၃၀လောက်ပစ်တယ်။ ညက ရွာကာကွယ်ရေး ပတ်ကင်းနဲ့ သူတို့ တိုးပြီးတော့ ပတ်ကင်းကို ပစ်လိုက်တာ။ ပစ်လိုက်တာ ကင်းအဖွဲ့က လေးယောက်သေတယ်”

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာတွင် ဇူလိုင် ၁၇ရက် ညပိုင်းက စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့ဝင်ရောက်ကာ ရွာသားလေးဦးကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ရွာခံတစ်ဦးက ပြောသည်။

“ည ၁၀နာရီလောက်မှာကတည်းက သူတို့(စစ်ကောင်စီတပ်)ရွာကို ဝင်မယ်လို့သတင်းရတယ်။ ည ၁နာရီလောက်မှာဝင်ပြီးတော့ သေနတ် အချက် ၃၀လောက်ပစ်တယ်။ ညက ရွာကာကွယ်ရေး ပတ်ကင်းနဲ့ သူတို့ တိုးပြီးတော့ ပတ်ကင်းကို ပစ်လိုက်တာ။ ပစ်လိုက်တာ ကင်းအဖွဲ့က လေးယောက်သေတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ​လေးဦးမှာ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့်ကိုအောင်ဟိန်းကျော်တို့ ဖြစ်ကြောင်း ရွာခံများက ပြောသည်။ယနေ့တွင်လည်း စစ်ကောင်စီတပ်များရွာထဲ၌ရှိနေကြောင်း ဒေသခံက ပြောသည်။

“ရွာအခြေအနေက ရဲစခန်းမှာ စစ်ကားသုံးစီးလောက်ရှိတယ်။ စစ်ကားတွေက အလဲအလှယ်နဲ့ လာလိုက်ပြန်လိုက်ပဲ။ အလောင်းတွေကတော့ သယ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် ရွှေဘိုမြို့နယ် တက်တူရွာဘက်သို့ စစ်ကောင်စီတပ်များ သွားရောက်၍ ရွာသူရွာသားများ တိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။