Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ် ပလိုင်းရွာအနီး ဒေသခံများနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

“အ ခုထိဖြစ်နေတုန်းပဲ။ စစ်သားတွေနဲ့ ရွာခံတွေနဲ့ ။ ကျွန်တော်တို့ရွာနဲ့ပလိုင်းနဲ့က နှစ်မိုင်လောက်ဝေးတယ် အဲဒီကြားထဲမှာဖြစ်နေတာ။ စစ်ကောင်စီဘက်က နောက်တိုးရောဆိုရင် အင်အား ၆၀လောက်ရှိတယ်။ ထိခိုက်ကျဆုံးမှုကိုတော့ မကြားမိသေးဘူး”

ရွှေဘိုမြို့နယ် တက်တူရွာနှင့်ပလိုင်းရွာအကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒေသခံများက ခုခံတိုက်ခိုက်လျက်ရှိကြောင်း တက်တူရွာဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ ဇူလိုင် ၁၇ရက်ညပိုင်း( ယနေ့နံနက်အစောပိုင်း) က ရွှေဘိုမြို့နယ်ဆိပ်ခွန်ရွာ ကင်းအဖွဲ့အား စစ်ကောင်စီက ပစ်ခတ်၍ ရွာသား ၄ဦးသေဆုံးခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီက တက်တူ၊ ပလိုင်း စသည့် အနီးတ၀ိုက်ကျေးရွာများသို့ဝင်ရောက်စီးနင်းခဲ့ရာ ယနေ့မွန်းလွဲပိုင်း ၃နာရီခန့်မှစ၍ ရွာသားများက ခုခံတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်သည်။

“အ ခုထိဖြစ်နေတုန်းပဲ။ စစ်သားတွေနဲ့ ရွာခံတွေနဲ့ ။ ကျွန်တော်တို့ရွာနဲ့ပလိုင်းနဲ့က နှစ်မိုင်လောက်ဝေးတယ် အဲဒီကြားထဲမှာဖြစ်နေတာ။ စစ်ကောင်စီဘက်က နောက်တိုးရောဆိုရင် အင်အား ၆၀လောက်ရှိတယ်။ ထိခိုက်ကျဆုံးမှုကိုတော့ မကြားမိသေးဘူး” ဟု တက်တူရွာသားတစ်ဦးက ယနေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မနက်ပိုင်းတွင် တက်တူရွာသို့ ဝင်ရောက်စီးနင်းပြီးနောက် နေ့လည်ပိုင်းတွင် တက်တူဘက်သို့ ဆက်လက်ထွက်ခွာသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။စစ်ကောင်စီများဝင်လာ၍ တက်တူရွာသားများလည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။