Connect with us

Hi, what are you looking for?

News

စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဇနီးဖြစ်သူတောင်းဆို

“ရှောင်ကို သြစတြေးလျနိုင်ငံကို အမြန်ဆုံးပြန်ခွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေ၊ စစ်ဗိုလ်ချုပ်တွေကို ကျွန်မတို့မိသားစုက တိုက်တွန်းပါတယ်။ ဒါမှသာ ရှောင်ဟာ သူ့ဖခင်ရဲ့ လက်ကျန်အချိန်မှာ အတူရှိနိုင်မှာပါ” လို့ Ha Vu က မေတ္တာရပ်ခံထားပါတယ်။

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဇနီးဖြစ်သူ Ha Vu က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

စီးပွားရေးပညာရှင် ရှောင်တာနဲလ်ဟာ မြန်မာ့စီးပွားရေးအပြောင်းအလဲအတွက် တစ်စိုက်မတ်မတ်ကူညီခဲ့ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို အန္တရာယ်မပြုခဲ့ဘူးလို့ Ha Vu က ဆိုပါတယ်။

“သူဟာ လေးစားမှုနဲ့ ဂုဏ်သိက္ခာရှိစွာ ပြုမှုဆက်ဆံခံသင့်ပါတယ်။ ထောင်တွင်းအကျဥ်းချ မခံသင်ပါဘူး။ အသွင်ပြောင်း ကိုဗစ်မျိုးကွဲဟာ အင်းစိန်ထောင်ထဲရောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကျွန်မခင်ပွန်းဟာ အအေးမိတာ၊ တုပ်ကွေးလက္ခဏာတွေ ခံစားခဲ့ရပါတယ်။ သူ့ကျန်းမာရေးဟာ တော်တော်ကြီး အန္တရာယ်ရှိနေပါတယ်”လို့ Ha Vu က သူမရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရှောင်တာနဲလ်ရဲ့ဖခင်ဟာ ကင်ဆာရောဂါခံစားနေရပြီး အချိန်ကြာကြာနေရဖို့ မရှိတော့ဘဲ အဲဒီအခြေ အနေကို ရှောင်က သိနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရှောင်ကို သြစတြေးလျနိုင်ငံကို အမြန်ဆုံးပြန်ခွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေ၊ စစ်ဗိုလ်ချုပ်တွေကို ကျွန်မတို့မိသားစုက တိုက်တွန်းပါတယ်။ ဒါမှသာ ရှောင်ဟာ သူ့ဖခင်ရဲ့ လက်ကျန်အချိန်မှာ အတူရှိနိုင်မှာပါ” လို့ Ha Vu က မေတ္တာရပ်ခံထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှောင်တာနဲလ်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလဆန်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေတို့နဲ့ စစ်ဆေးခံနေရပါတယ်။

အင်းစိန်ထောင်မှာ အကျဥ်းကျနေတဲ့ ရှောင်တာနဲလ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိခင်သြစတြေးလျနိုင်ငံကလည်း အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။

သတင်း

ယခုနှစ် ​မေလက ဗြိတိန်ဘုရင်နှင့် ​ရှောင်တာနယ်လ်တို့ဇနီး​မောင်နှံ​တွေ့ဆုံစဥ်ကလည်း မြန်မာနိုင်ငံအ​ခြေအ​နေများကို​ပြောကြားခဲ့​ကြောင်း ​ရှောင်က​​ရေးသားထားသည်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

သတင်း

သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။