Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်မှာ အရာရာ ကူညီခဲ့ဖူးတဲ့ ကွယ်လွန်သူ ကိုခင်မောင်ရွှေအကြောင်းရှောင်တာနဲလ်မျှဝေ

သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။

(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)
(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)

မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရချိန် အတောအတွင်း သူ့ကို အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ကိုခင်မောင်ရွှေရဲ့ အကြောင်းကို မကြာခင်ကမှလွတ်​မြောက်လာတဲ့ စီးပွား​ရေးပညာရှင် ရှောင်တာနဲလ်က Facebookမှာ အမှတ်တရ ပြန်လည် ဝေမျှခဲ့ပါတယ်။

ချစ်ခင်ရတဲ့ မိတ်ဆွေဖြစ်သူ ကိုခင်မောင်ရွှေဟာ သူ့အတွက် အမြဲတမ်း ရပ်တည်ပေးခဲ့သူ တစ်ဦးဖြစ်တယ်လို့ဩစတြေးလျ စီးပွားရေး ပညာရှင်တာနဲလ်က ဆိုပါတယ်။ ကိုခင်မောင်ရွှေဟာ သူ့ကို ကျန်းမာအောင်၊ အဆင်ပြေအောင် အရာရာ ကူညီပေးပြီး သူ့အသက်ကို ကယ်ခဲ့သူလို့တောင်တာနဲလ်က ရည်ညွှန်းထားပါတယ်။

(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)
(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)

ဒါပေမဲ့ ကိုခင်မောင်ရွှေဟာ အင်းစိန်ထောင်ထဲမှာ ထောင်စောင့်ဝန်ထမ်းတွေက သေတဲ့အထိ ရိုက်နှက် ကန်ကျောက်မှုတွေ ခံခဲ့ရတယ်လို့ တာနဲလ်က ဆိုပါတယ်။ တာနဲလ်ကို အင်းစိန်ထောင်ကနေ နေပြည်တော်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး တစ်လလောက် အကြာမှာ ကိုခင်မောင်ရွှေ ကွယ်လွန်ခဲ့ရှာတာ ဖြစ်ပါတယ်။

ကိုခင်မောင်ရွှေဟာ သူရဲကောင်း တစ်ဦးဖြစ်ပြီး သူအသက်ရှင်နေသမျှ ကာလပတ်လုံး အမှတ်ရ ဂုဏ်ပြုနေမိမယ်လို့လည်း တာနဲလ်က​ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။

(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)
(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ တာနဲလ်ကို အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ တရားစွဲဆိုထောင်ချခဲ့တာမှာ ရက်​ပေါင်း ၆၅၀ မတရားဖမ်းဆီး​ထောင်ချခံရပြီးတဲ့​နောက်မှာ ပြန်လည် လွတ်မြောက်ပြီး ဩစတြေးလျကို ပြန်ခွင့်ရခဲ့ပါတယ်။

တာနဲလ်ဟာ ဩစတြေးလျကို ပြန်ရောက်ပြီး The Australian သတင်းဌာနနဲ့ အင်တာဗျူးခဲ့တုန်းကလည်း ကိုခင်မောင်ရွှေရဲ့ အကြောင်းကို သေသေချာချာ ထည့်ပြောပြခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း တာနဲလ်က အင်းစိန်ထောင်မှာ သူနဲ့ အခန်းချင်းကပ် နေခဲ့ရတဲ့ ကိုခင်မောင်ရွှေကို အသက်သခင် ကျေးဇူးရှင်အဖြစ် အလေးအနက် ညွှန်းဆိုခဲ့ပါတယ်။

စစ်​ကောင်စီက နိုင်ငံ​ရေးအကျဥ်းသား​တွေကို​ထောင်တွင်းမှာခွဲခြားဖိနှိပ်ပြီးညှင်းပန်နှိပ်စက်တာ၊သတ်ဖြတ်တာ​တွေမကြာခဏကျူးလွန်​နေတယ်လို့ နိုင်ငံ​ရေးအကျဥ်းသားအ​ရေး​​ဆောင်ရွက်​နေသူ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ဖမ်းဆီးခံထားရဆဲနိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ

သတင်း

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။