Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးစာအုပ် သြစတြေးလျစီးပွားရေးပညာရှင် စတင်ရေးသား

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

မြန်မာ့အရေးစာအုပ် သြစတြေးလျစီးပွားရေးပညာရှင် စတင်ရေးသား
မြန်မာ့အရေးစာအုပ် သြစတြေးလျစီးပွားရေးပညာရှင် စတင်ရေးသား

သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စာအုပ် စတင်ရေးသားနေပြီဟု ၎င်း၏ ဇနီးဖြစ်သူ Ha Vu က အသိပေးသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနဲလ်ကို မြန်မာစစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင် ဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၆၅၀ ကြာ အကျဥ်းချ ချုပ်နှောင်ထားခဲ့သည်။ ပြီးခဲ့သည့် အမျိုးသားနေ့အတွက် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ပေးခဲ့သည်။

စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံခဲ့သူ အထက်ပါသြစတြေးလျပညာရှင်က အာဏာမသိမ်းမီနှင့် အာဏာသိမ်းမှုနောက်ပိုင်းအဖြစ်အပျက်ကို စာအုပ်ရေးသားမည်ဟု ၎င်းလွတ်မြောက်လာပြီးနောက် သတင်းဌာနများနှင့် အင်တာဗျူးများ၌ ပြောဆိုခဲ့သည်။

ပါမောက္ခရှောင်တာနဲလ်သည် “Catch & Release, unreleased?” ခေါင်းစဥ်တပ်ထားသော စာအုပ်ကို ရေးသားနေပြီဟု ၎င်း၏ဇနီးဖြစ်သူက ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၇ ရက်တွင်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနဲလ်ကိုမြန်မာနိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်နှစ်ပေါင်းများအားထုတ်ကြိုးပမ်းသူအဖြစ်ပြည်တွင်း၊ပြည်ပကအသိအမှတ်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။