-လန်ဒန်မြို့က အာဇာနည်နေ့အခမ်းအနားသို့ ဦးထိန်လင်း တက်ရောက်
စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့အထွေထွေသပိတ်အဖြစ် ပြည်ပနိုင်ငံများရောက် မြန်မာများက သက်ဆိုင်ရာနိုင်ငံများတွင် အသီးသီးစုဝေးပြုလုပ်ခဲ့ကြသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြန်မာများက အာဇာနည်နေ့အထွေထွေသပိတ်အဖြစ် ဇူလိုင် ၁၇ရက်နှင့် ၁၈ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့ပြီး အဂ်လန်နိုင်ငံ လန်ဒန်မြို့ရောက် မြန်မာများက ဇူလိုင် ၁၆ရက်မှ ၁၈ရက်အထိ ပြုလုပ်ခဲ့ကြသည်။
လန်ဒန်မြို့တွင် ပြုလုပ်သည့် အာဇာနည်နေ့အခမ်းအနားသို့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောက်ဆန်း၏ မြေး၊ ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ဦးထိန်လင်းလည်း တက်ရောက်ခဲ့သည်။
ထို့အပြင် ကနေဒါနိုင်ငံ တိုလိုတိုမြို့ရောက် မြန်မာများကလည်း အာဇာနည်နေ့အထွေထွေသပိတ်အဖြစ် ယနေ့တွင် ပြုလုပ်ခဲ့သည်။
