Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လန်ဒန်မြို့လယ်တွင် မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲ ကျင်းပ

မြန်မာပြည်တွင်းတွင် ပြည်သူများက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြ သကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - Click to Fight UK
ဓာတ်ပုံ - Click to Fight UK

▪︎ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါ်ခင်မမမျိုးတို့ တက်ရောက်

မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင် နှင့် ဒေါက်တာ သက်ကိုကို တို့မှ လည်း ပြည်ပရောက် တော်လှန်ရေး မိသားစုများနှင့် အတူ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့သည်။

မြန်မာပြည်တွင်းတွင် ပြည်သူများက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြ သကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယင်းဆန္ဒပြပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအား ချက်ချင်းလွှတ်ပေးရေး၊ စစ်ကောင်စီက တစ်တိုင်းပြည်လုံးကို မီးရှို့ပြာချနေခြင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းတို့အား ချက်ချင်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားစီရင်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ပြည်ပရောက် တော်လှန်ရေးမိသားစုများက မြန်မာ့အရေး အားပေးထောက်ခံကြသော ယူကေပြည်သူများ၊ ယူကေပါလီမန်အမတ်များနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီရေးရာ ယူကေပါလီမန်အမတ်များအဖွဲ့ မှ ဥက္ကဌဖြစ်သူ Rushanara Ali နှင့် အထက်လွှတ်တော်အမတ်များ၊ Burmese Rohingya Organisation မှ ကိုထွန်းခင်၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် သတ္တိရှိရှိ တိုက်ပွဲဝင်နေကြသော ပြည်တွင်းမှ ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးအတွက် ဆက်လက်၍အတူတကွ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။