ယနေ့ကျရောက်သည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့ နေရာအနှံအပြား၌ စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသော်လည်း လူငယ်များဦးဆောင်သည့် သပိတ် စစ်ကြောင်းမှာ ရန်ကင်းမြို့နယ်တွင် ပြုလုပ်ခဲ့သည်။
“ အာဇာနည်မျိုး သေရိုးမရှိ” စာတန်းများ ကိုင်ဆောင်၍ အာဇာနည်နေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
