Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသ၌ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲနှစ်ရက်ဆက်ဖြစ်ပွား

ဖောင်းဆိုင်ကျေးရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ၎င်းဒေသအတွင်းအာဏာ သိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှု စဉ်ဆက်မပြတ် ပြုလုပ်နေ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်း Kachinnet Burmese က ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် အာဏာသိမ်းစစ်တပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က ယနေ့ သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေ မုံးကိုးဒေသ ဒါလုံ၊ မန်ဂျန်ဘွမ် ၌ ယနေ့ ဇူလိုင် ၁၉ရက် နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်မှ မန်ဂျန်ဘွမ်ဘက်သို့ စစ်အင်အားတိုးချဲ့လာ၍ KIA က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဏာသိမ်းစစ်တပ်သည် ဇူလိုင် ၁၈ရက်ကလည်း မော်တောင်၊ ဒါလုံး ဒေသသို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာ၍ ယင်းနေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဖောင်းဆိုင်ကျေးရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ၎င်းဒေသအတွင်းအာဏာ သိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှု စဉ်ဆက်မပြတ် ပြုလုပ်နေ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်း Kachinnet Burmese က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မုန်းကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တပ်လည်း လှုပ်ရှားမှုရှိရာ ဇူလိုင် ၁၂ရက်က စစ်ကောင်စီတပ်နှင့် MNDAA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆီးရမိခဲ့ကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင်လမ်းအား ပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄)နှင့်ပူး​ပေါင်းတပ်က ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ အပါအဝင် သေဆုံးမှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေ‌​ကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။‌

သတင်း

ချင်းပြည်မြောက်ပိုင်းတွင် ချင်းပြည်ကောင်စီ အပြင် အခြားတော်လှန်ရေးတပ်များနှင့်ပါပူးပေါင်းစစ်ဆင်​နေ​ကြောင်းအသိ​ပေး