Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသ၌ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲနှစ်ရက်ဆက်ဖြစ်ပွား

ဖောင်းဆိုင်ကျေးရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ၎င်းဒေသအတွင်းအာဏာ သိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှု စဉ်ဆက်မပြတ် ပြုလုပ်နေ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်း Kachinnet Burmese က ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် အာဏာသိမ်းစစ်တပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က ယနေ့ သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေ မုံးကိုးဒေသ ဒါလုံ၊ မန်ဂျန်ဘွမ် ၌ ယနေ့ ဇူလိုင် ၁၉ရက် နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်မှ မန်ဂျန်ဘွမ်ဘက်သို့ စစ်အင်အားတိုးချဲ့လာ၍ KIA က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဏာသိမ်းစစ်တပ်သည် ဇူလိုင် ၁၈ရက်ကလည်း မော်တောင်၊ ဒါလုံး ဒေသသို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာ၍ ယင်းနေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဖောင်းဆိုင်ကျေးရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ၎င်းဒေသအတွင်းအာဏာ သိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှု စဉ်ဆက်မပြတ် ပြုလုပ်နေ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်း Kachinnet Burmese က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မုန်းကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တပ်လည်း လှုပ်ရှားမှုရှိရာ ဇူလိုင် ၁၂ရက်က စစ်ကောင်စီတပ်နှင့် MNDAA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆီးရမိခဲ့ကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။