Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှုကို နိုင်ငံတကာကပိုမိုအားကောင်းစွာတုန့်ပြန်ဖို့ ကုလကျွမ်းကျင်သူတွေတိုက်တွန်း

ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေအရ လူ့အခွင့်အရေးကာကွယ်သူတွေဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)တပ်ခံရကာ ဖမ်းဆီးမိန့်ထုတ်ပြန်ခံရပြီး ပုန်းရှောင်ထွက်ပြေးဖို့ဖိအားပေးခံရခြင်း အပေါ် စိုးရိမ်ကြောင်းကျွမ်းကျင်သူများက အလေးပေးပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အလွန် အမင်းစိုးရိမ်ကြောင်းနဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာက ပိုမိုအားကောင်းစွာတုန့်ပြန်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက ဒီနေ့ထုတ်ဖော်ပြောကြားပါတယ်။

ကမ္ဘာ့နိုင်ငံများရဲ့အရေးပေါ်ညီညွတ်ရေးအဖွဲ့က မြန်မာစစ်တပ်အပေါ် ပေါင်းစည်းတဲ့ အရေးယူဒဏ်ခတ်မှုတွေနဲ့ လက်နက်ရောင်းချခြင်းပိတ်ပင်မှုတွေကို လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။

“လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကာကွယ်သူတွေကို ဆက်လက်ပစ်မှတ်ထားဆဲဆိုတာ ကျွန်ုပ်တို့ မြင်တွေ့သိရှိနေပါတယ်” လို့ လူ့အခွင့်အရေးကာကွယ်သူများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mary Lawlor နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews တို့က ဆိုပါတယ်။

ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေအရ လူ့အခွင့်အရေးကာကွယ်သူတွေဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)တပ်ခံရကာ ဖမ်းဆီးမိန့်ထုတ်ပြန်ခံရပြီး ပုန်းရှောင်ထွက်ပြေးဖို့ဖိအားပေးခံရခြင်း အပေါ် စိုးရိမ်ကြောင်းကျွမ်းကျင်သူများက အလေးပေးပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးကာကွယ်သူတွေရဲ့ နေအိမ်တွေကို အဓမ္မစီးနင်းခံရတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရတာ၊ မိသားစုဝင်တွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက်ထိပါးတာ စတဲ့ အခြေအနေတွေကိုလည်း ကုလကျွမ်းကျင်သူတွေက ပြောပါတယ်။

အလုပ်သမားအရေး ကာကွယ်သူတွေနဲ့ ကျောင်းသားအရေးတက်ကြွသူတွေအပါအဝင် မထွက်ပြေးနိုင်သူအများစုဟာ မတရားသဖြင့် ဖမ်းဆီးခံရပြီး သတင်းရယူနေတဲ့ သတင်းသမားတွေ၊ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေကို ကိုယ်စားပြုတဲ့ ရှေ့နေတွေလည်း အလားတူ ဖမ်းဆီးခံရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

“မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်တဲ့ထုတ်ဖော်ပြောကြားမှုတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူတို့ အရေးတကြီးလိုအပ်နေတာဟာ အရေးယူဆောင်ရွက်မှုပါ။ တရားမဝင်စစ်တပ်က ဓားစာခံအဖြစ် သဘောထားတဲ့ မြန်မာပြည်သူတွေနဲ့အတူ ကမ္ဘာ့နိုင်ငံတွေက ရပ်တည်ဖို့ အရေးကြီးပါတယ်။ ဒီအချိန်က စီးပွားရေးအရေးယူဒဏ်ခတ်မှုတွေ၊ လက်နက်ရောင်းချမှုပိတ်ပင်တာတွေအပါအဝင် ခိုင်မာတဲ့၊ ပြတ်သားတဲ့၊ ညီညွတ်တဲ့ အရေးယူရမယ့်အချိန်ပါ” လို့ Tom Andrews က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။