Connect with us

Hi, what are you looking for?

News

DKBA စစ်ဦးစီးချုပ် ကိုဗစ်ရောဂါ အသည်းအသန်ဖြစ်၍ ဆေးကုသမှုခံယူနေ

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရုံတစ်ခု၌ ကုသမှု ခံယူနေသည့် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယနေ့ ဇူလိုင် ၂၁ရက်တွင် ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း DKBA စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဟိဒိုး ကမူအဆိုပါသတင်းမှာ မှားယွင်းကြောင်း ယနေ့ ညနေပိုင်း၌ ပြောသည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးသည် COVID-19 ရောဂါဖြင့် အသည်းအသန်ဖြစ်နေ၍ ဆေးကုသမှုခံယူနေရကြောင်း DKBA အရာရှိအချို့က အတည်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရုံတစ်ခု၌ ကုသမှု ခံယူနေသည့် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယနေ့ ဇူလိုင် ၂၁ရက်တွင် ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း DKBA စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဟိဒိုး ကမူအဆိုပါသတင်းမှာ မှားယွင်းကြောင်း ယနေ့ ညနေပိုင်း၌ ပြောသည်။

“မွန်းလွဲလောက်ကတော့ နည်းနည်း အသဲအသန်ဖြစ်နေလို့ ။အခုပြန်ကောင်းသွားပြီ။မဆုံးပါဘူးခင်ဗျ။ ကောလာဟလသတင်းပါ ဒါတွေက” ဟု ဗိုလ်မှူးကြီးစောဟိဒိုးက ပြောသည်။

DKBA အရာရှိတစ်ဦးကလည်း “အခုပဲ နိုးစက်နဲ့ ပြန်နိုးလို့ရပြီကြားတယ်။ အဲဒါလည်း ဘုရားသခင်ကို ကျေးဇူးတင်ရမှာပေါ့” ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။