Connect with us

Hi, what are you looking for?

LuduNwayOo

News

DKBA စစ်ဦးစီးချုပ် ကိုဗစ်ရောဂါ အသည်းအသန်ဖြစ်၍ ဆေးကုသမှုခံယူနေ

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရုံတစ်ခု၌ ကုသမှု ခံယူနေသည့် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယနေ့ ဇူလိုင် ၂၁ရက်တွင် ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း DKBA စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဟိဒိုး ကမူအဆိုပါသတင်းမှာ မှားယွင်းကြောင်း ယနေ့ ညနေပိုင်း၌ ပြောသည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးသည် COVID-19 ရောဂါဖြင့် အသည်းအသန်ဖြစ်နေ၍ ဆေးကုသမှုခံယူနေရကြောင်း DKBA အရာရှိအချို့က အတည်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရုံတစ်ခု၌ ကုသမှု ခံယူနေသည့် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယနေ့ ဇူလိုင် ၂၁ရက်တွင် ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း DKBA စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဟိဒိုး ကမူအဆိုပါသတင်းမှာ မှားယွင်းကြောင်း ယနေ့ ညနေပိုင်း၌ ပြောသည်။

“မွန်းလွဲလောက်ကတော့ နည်းနည်း အသဲအသန်ဖြစ်နေလို့ ။အခုပြန်ကောင်းသွားပြီ။မဆုံးပါဘူးခင်ဗျ။ ကောလာဟလသတင်းပါ ဒါတွေက” ဟု ဗိုလ်မှူးကြီးစောဟိဒိုးက ပြောသည်။

DKBA အရာရှိတစ်ဦးကလည်း “အခုပဲ နိုးစက်နဲ့ ပြန်နိုးလို့ရပြီကြားတယ်။ အဲဒါလည်း ဘုရားသခင်ကို ကျေးဇူးတင်ရမှာပေါ့” ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်သို့ ပြန်မည့် သူများအား ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစ၍ ရေးသားဖြန့်ဝေနေကြပြီး ယခုကဲ့သို့ ဖမ်းဆီးမှုများဆက်တိုက်ဖြစ်နေခြင်းဖြစ်သည်။

နိုင်ငံတကာ

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

တရုတ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည့် အဆိုပါ အိတ်ဖွင့်ပေးစာကို MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြခြင်းဖြစ်သည်။