Connect with us

Hi, what are you looking for?

News

NUGနှင့်တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ဖွဲ့စည်း

ကပ်ရောဂါ တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ရောဂါကုသကာကွယ်ရေး လမ်းညွှန်ချက်များကို အတိအကျ လိုက်နာ ဆောင်ရွက်ပေးကြရန်လည်း CTFက တိုက်တွန်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့(CTF) ကို ဖွဲ့စည်းလိုက်ကြောင်း CTFက သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ် ကူး စက်ရောဂါအား ကာကွယ်ထိန်းချုပ်ကူသပေးနိုင်ရေး လက် တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် CTF ကို ဇူလိုင် ၁၇ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“NUGရဲ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေဆွေးနွေးတိုင်ပင်ပြီးပြီ လိုအပ်တဲ့အကူအညီရရှိမှုကိုလည်း UN အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဖို့ရှိတယ်” ဟု CTF ပြောရေး ဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

ကပ်ရောဂါကာကွယ်ရေးသည်အားလုံး၏ တာဝန်ဖြစ်ကြောင်း NUG၏ နိုင်ငံရေးဦးတည်ချက်နှင့် တိုင်းရင်းvသားများ၏လိုလားချက်သည် အတိုင်းအတာတစ်ခုအထိ တူညီ၍ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် CTFကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

CTF အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းရင်းသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင် တာဝန်ယူမည်ဖြစ်ပြီး ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တာဝန်ယူမည်ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက်သိပညာရှင်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

CTFသည် တိုင်းရင်းသားပြည်သူအားလုံး၏ ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေးမှုများ၊ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များ၊ ကိုဗဏ် ၁၉ ကာကွယ်ဆေးအပါအဝင် ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် လိုအပ်သော အထောက်အပံ့ရရှိရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းများ နှင့် ကိုဗစ် ၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့သောလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ကပ်ရောဂါ ကာကွယ်ဆေးအပါအဝင် နည်းပညာ၊ ဘဏ္ဍာရေးအကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် အာဆီယံနိုင်ငံများအား CTFက တောင်းဆိုခဲ့သည်။

ကပ်ရောဂါ တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ရောဂါကုသကာကွယ်ရေး လမ်းညွှန်ချက်များကို အတိအကျ လိုက်နာ ဆောင်ရွက်ပေးကြရန်လည်း CTFက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို