Connect with us

Hi, what are you looking for?

News

ကြက်ဥတစ်လုံး ၅ ကျပ်ဖြင့် Flannel Box က​ရောင်း​ပေး

ခုလို တကူးတက လာပေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ် ခင်ဗျာ ။မရတဲ့ သူတွေ အတွက် အရမ်းအားနာပါတယ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ် ။အားလုံး ကျန်းမာရေး ဂရုစိုက်ကြနော် “ဟု အဆိုပါဆိုင် ​ဖေစ်ဘွတ်ခ်တွင်​ရေးသားထားသည်။

ဖလန်ထည်များ ​ရောင်းချ​​နေ​သော Flannel Box က ယ​နေ့ကြက်ဥတစ်လုံး၅ ကျပ်ဖြင့် ပြည်သူများသို့ ​ရောင်းချ​ပေးခဲ့သည်။

ကြက်ဥတစ်လုံးလျှင် ၅ ကျပ်ဖြင့် တစ်ဦးလျှင် အများလုံး ၁၀ လုံးအထိဝယ်ယူနိုင်​ပြီး ကြက်ဥအလုံး ၁၅၀၀ ကိုယ​နေ့ (ဇူလိုင် ၂၂ )ည​နေ ၄နာရီမှစတင်​ရောင်းချ​ပေးမည်ဟု အဆိုပါ ဆိုင်​ဖေစ်ဘွခ်တွင် ယ​မန်​နေ့က ​​ကြေညာခဲ့သည်။

ငါးကျပ်တန်၊၅၀ တန်တို့ဖြင့်ဝယ်ယူနိုင်ပြီး အခြားအဆင်​ပြေ​သော​ငွေစက္ကူဖြင့်​ပေး​ချေနိုင်​ကြောင်းလည်း အသိပေးထားသည်။

ယ​နေ့ည​နေ​ရောင်းချရာတွင် ဝယ်ယူသူများများပြီး စတင်​ရောင်းချပြီးမိနစ်ပိုင်းတွင် ​ရောင်းကုန်သွားသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

“ခုလို တကူးတက လာပေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ် ခင်ဗျာ ။မရတဲ့ သူတွေ အတွက် အရမ်းအားနာပါတယ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ် ။အားလုံး ကျန်းမာရေး ဂရုစိုက်ကြနော် “ဟု အဆိုပါဆိုင် ​ဖေစ်ဘွတ်ခ်တွင်​ရေးသားထားသည်။

“ဒီထက်မက လှူဒါန်း နိုင်ပါစေ အဝတ်ထည်တေလည် ပိုပြိတော့ရောင်းကောင်ပါစေ၊ နယ်ဝေးလို့မဝယ်နိုင်ပင်မယ် ကြည်တာနဲ့တင်ပိတိဖြစ်တယ်”ဟု ​ဖေစ်ဘွဘ်သုံးစွဲသူတစ်ဦးကမှတ်ချက်ပြုသည်။

ပြည်သူတစ်ဦးကလည်း “အားနာလို့ မလာတော့ပါဘူးရှင်မလှုတတ်ရင်စျေးရောင်းဆိုတာ ဒါမျိုးကို ခေါ်တာပါ သာဓုခေါ်ပါတယ်”ဟု ​​ရေးသားသည်။

စစ်အာဏာသိမ်းမှု​ကြောင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု စနစ် ပျက်ယွင်းသွားသဖြင့် ကိုဗစ်တတိယလှိုင်းကို ပြည်သူများ ဆိုးရွားစွာရင်ဆိုင်​နေရပြီး အာဏာသိမ်းစစ်​ကောင်စီက ပြည်သူများကိုမကူညီဘဲ အခက်အခဲ အကျပ်အတည်းဖြစ်​အောင်သာလုပ်​နေချိန်တွင် ပြည်သူအချင်းချင်း ကူညီရိုင်းပင်း​နေကြရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။