Connect with us

Hi, what are you looking for?

LuduNwayOo

News

ကြက်ဥတစ်လုံး ၅ ကျပ်ဖြင့် Flannel Box က​ရောင်း​ပေး

ခုလို တကူးတက လာပေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ် ခင်ဗျာ ။မရတဲ့ သူတွေ အတွက် အရမ်းအားနာပါတယ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ် ။အားလုံး ကျန်းမာရေး ဂရုစိုက်ကြနော် “ဟု အဆိုပါဆိုင် ​ဖေစ်ဘွတ်ခ်တွင်​ရေးသားထားသည်။

ဖလန်ထည်များ ​ရောင်းချ​​နေ​သော Flannel Box က ယ​နေ့ကြက်ဥတစ်လုံး၅ ကျပ်ဖြင့် ပြည်သူများသို့ ​ရောင်းချ​ပေးခဲ့သည်။

ကြက်ဥတစ်လုံးလျှင် ၅ ကျပ်ဖြင့် တစ်ဦးလျှင် အများလုံး ၁၀ လုံးအထိဝယ်ယူနိုင်​ပြီး ကြက်ဥအလုံး ၁၅၀၀ ကိုယ​နေ့ (ဇူလိုင် ၂၂ )ည​နေ ၄နာရီမှစတင်​ရောင်းချ​ပေးမည်ဟု အဆိုပါ ဆိုင်​ဖေစ်ဘွခ်တွင် ယ​မန်​နေ့က ​​ကြေညာခဲ့သည်။

ငါးကျပ်တန်၊၅၀ တန်တို့ဖြင့်ဝယ်ယူနိုင်ပြီး အခြားအဆင်​ပြေ​သော​ငွေစက္ကူဖြင့်​ပေး​ချေနိုင်​ကြောင်းလည်း အသိပေးထားသည်။

ယ​နေ့ည​နေ​ရောင်းချရာတွင် ဝယ်ယူသူများများပြီး စတင်​ရောင်းချပြီးမိနစ်ပိုင်းတွင် ​ရောင်းကုန်သွားသည်ကို​တွေ့ရသည်။

“ခုလို တကူးတက လာပေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ် ခင်ဗျာ ။မရတဲ့ သူတွေ အတွက် အရမ်းအားနာပါတယ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ် ။အားလုံး ကျန်းမာရေး ဂရုစိုက်ကြနော် “ဟု အဆိုပါဆိုင် ​ဖေစ်ဘွတ်ခ်တွင်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ဒီထက်မက လှူဒါန်း နိုင်ပါစေ အဝတ်ထည်တေလည် ပိုပြိတော့ရောင်းကောင်ပါစေ၊ နယ်ဝေးလို့မဝယ်နိုင်ပင်မယ် ကြည်တာနဲ့တင်ပိတိဖြစ်တယ်”ဟု ​ဖေစ်ဘွဘ်သုံးစွဲသူတစ်ဦးကမှတ်ချက်ပြုသည်။

ပြည်သူတစ်ဦးကလည်း “အားနာလို့ မလာတော့ပါဘူးရှင်မလှုတတ်ရင်စျေးရောင်းဆိုတာ ဒါမျိုးကို ခေါ်တာပါ သာဓုခေါ်ပါတယ်”ဟု ​​ရေးသားသည်။

စစ်အာဏာသိမ်းမှု​ကြောင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု စနစ် ပျက်ယွင်းသွားသဖြင့် ကိုဗစ်တတိယလှိုင်းကို ပြည်သူများ ဆိုးရွားစွာရင်ဆိုင်​နေရပြီး အာဏာသိမ်းစစ်​ကောင်စီက ပြည်သူများကိုမကူညီဘဲ အခက်အခဲ အကျပ်အတည်းဖြစ်​အောင်သာလုပ်​နေချိန်တွင် ပြည်သူအချင်းချင်း ကူညီရိုင်းပင်း​နေကြရခြင်းဖြစ်သည်။