Connect with us

Hi, what are you looking for?

News

ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP ဌာနချုပ်နယ်မြေတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

လက်ရှိတွင် လူဦးရေ တစ်ထောင်ကျော်အား ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း၊ လူဦးရေ ၅သိန်းအထိ ထိုးနှံပေးရန် ရည်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ဌာနချုပ်နယ်မြေ ဝမ်ဟိုင်းဒေသ၌ COVID-19 ရောဂါကာ ကွယ်ဆေး စတင်ထိုးနှံလျက်ရှိကြောင်း SSPP ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

“အခုဖြစ်နေတဲ့ဟာက တစ်နိုင်ငံလုံးဖြစ်တယ်။ တစ်ကမ္ဘာလုံးလည်းဖြစ်တယ်။ ပိုဆိုးတာက တတိယလှိုင်းပေါ့။ တတိယလှိုင်းမှာ လူတွေက တော်တော်လေး ထိတာပေါ့။ အဓိကတော့ ကျွန်တော်တို့ ဗမာပြည်ပေါ့ ကျွန်တော်တို့ ပြည်ထောင်စုမှာ အောက်ဆီဂျင်ပြတ်တယ်။ ပြတ်ပြီးတော့ အသေအပျောက် ရှိတာပေါ့။အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အဖွဲ့အစည်းကစိတ်ပူပြီးတော့ တစ်ဖက်တစ်လမ်းအနေနဲ့ ကျွန်တော်တို့ တက်နိုင်တဲ့ဘက်က ပါဝင်ပြီးတော့ လုပ်ဆောင်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့လူကြီးတွေက ဆုံးဖြတ်ထားတာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လူဦးရေ တစ်ထောင်ကျော်အား ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း၊ လူဦးရေ ၅သိန်းအထိ ထိုးနှံပေးရန် ရည်မှန်းထားကြောင်း ၎င်းက ဆိုသည်။

အဖွဲ့အစည်းအနေဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ကျပ်သိန်းတစ်ထောင် ရန်ပုံငွေမတည်ထားပြီးလိုအပ်ပါက ထပ်မံသုံးစွဲမည်ဖြစ်ကြောင်း၊ အလှူရှင်များကိုလည်း အတူလက်တွဲ ဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

Public Service Announcement

Public Service Announcement

SSPPသည် NCA လက်မှတ်မထိုးရသေးသော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။

သတင်း

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။