Connect with us

Hi, what are you looking for?

News

တာမွေမြို့နယ်မှာ အသက် ၇၀ အရွယ် အဘိုးအဘွားနှစ်ဦး လူသူမသိဘဲ အခန်းတွင်းသေဆုံးနေ

အဘိုးက ဒရင်းဘက်လိုမျိုးကုလားထိုင်နောက်မှီမှာ ထိုင်လျက်ဆုံးနေတယ်။ အဘွားကတော့ အခန်းဝနားက ပလပ်စတစ်ထိုင်ခုံမှာ ထိုင်လျက်ဆုံးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ စပ်သပ်ကြည့်တော့ ခန္ဓာကိုယ်တွေက တောင့်တောင်နေပြီ”လို့ ၎င်းက ဆက်ပြောပါတယ်။


တာမွေမြို့နယ် မြို့သစ်(၁)လမ်းက တိုက်ခန်းတစ်ခုမှာ လူသူမသိလိုက်ဘဲ အသက် ၇၀ ခန့်အရွယ် အဘိုးအဘွားနှစ်ဦး အခန်းတွင်းသေဆုံးလျက်တွေ့ရတယ်လို့ အရပ်ဘက် လူမှုကူညီရေးအဖွဲ့ တာမွေမြို့နယ် တာဝန်ခံ ကိုဝင်းနိုင်က ပြောပါတယ်။

သေဆုံးဇနီးမောင်နှံရဲ့တိုက်ခန်းအနီးနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အရပ်ဘက်လူမှုကူညီရေးအဖွဲ့ တာမွေမြို့နယ်ထံ အကူအညီလှမ်းတောင်းတာကြောင့် ဒီကနေ့မနက် ၉ နာရီလောက် သွားရောက်ကြည့်ရှူ့ရာမှာ အဘိုးအဘွားနှစ်ဦးစလုံး အခန်းတွင်းသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ကိုဝင်းနိုင်က ဆိုပါတယ်။

“အဘိုးက ဒရင်းဘက်လိုမျိုးကုလားထိုင်နောက်မှီမှာ ထိုင်လျက်ဆုံးနေတယ်။ အဘွားကတော့ အခန်းဝနားက ပလပ်စတစ်ထိုင်ခုံမှာ ထိုင်လျက်ဆုံးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ စပ်သပ်ကြည့်တော့ ခန္ဓာကိုယ်တွေက တောင့်တောင်နေပြီ”လို့ ၎င်းက ဆက်ပြောပါတယ်။

အနီးနားပတ်ဝတ်ကျင်မှာ စုံစမ်းသိရသလောက် အဘိုးနဲ့အဘွားဟာ သားသမီးကြောထောက်နောက်ခံရှိပုံမရသလို နေမကောင်းဖြစ်ချိန်မှာ ပြုစုပေးမယ့်သူမရှိခဲ့ဘူးလို့ ယူဆရကြောင်း အရပ်ဘက် လူမှုကူညီရေးအဖွဲ့ တာဝန်မွေမြို့နယ်ရဲ့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေမှာ အရပ်ဘက်လူမှုကူညီရဲ့အသင်းကပဲ သေဆုံးရုပ်အလောင်းတွေကို အရေးပေါ်ယာဉ်နဲ့ သယ်ယူဖို့ရှိနေပြီး သဂြိၤုလ်ခွင့်ရဖို့ သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာအပါအဝင် ဆရာဝန်လက်မှရရှိဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။