Connect with us

Hi, what are you looking for?

LuduNwayOo

News

တာမွေမြို့နယ်မှာ အသက် ၇၀ အရွယ် အဘိုးအဘွားနှစ်ဦး လူသူမသိဘဲ အခန်းတွင်းသေဆုံးနေ

အဘိုးက ဒရင်းဘက်လိုမျိုးကုလားထိုင်နောက်မှီမှာ ထိုင်လျက်ဆုံးနေတယ်။ အဘွားကတော့ အခန်းဝနားက ပလပ်စတစ်ထိုင်ခုံမှာ ထိုင်လျက်ဆုံးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ စပ်သပ်ကြည့်တော့ ခန္ဓာကိုယ်တွေက တောင့်တောင်နေပြီ”လို့ ၎င်းက ဆက်ပြောပါတယ်။


တာမွေမြို့နယ် မြို့သစ်(၁)လမ်းက တိုက်ခန်းတစ်ခုမှာ လူသူမသိလိုက်ဘဲ အသက် ၇၀ ခန့်အရွယ် အဘိုးအဘွားနှစ်ဦး အခန်းတွင်းသေဆုံးလျက်တွေ့ရတယ်လို့ အရပ်ဘက် လူမှုကူညီရေးအဖွဲ့ တာမွေမြို့နယ် တာဝန်ခံ ကိုဝင်းနိုင်က ပြောပါတယ်။

သေဆုံးဇနီးမောင်နှံရဲ့တိုက်ခန်းအနီးနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အရပ်ဘက်လူမှုကူညီရေးအဖွဲ့ တာမွေမြို့နယ်ထံ အကူအညီလှမ်းတောင်းတာကြောင့် ဒီကနေ့မနက် ၉ နာရီလောက် သွားရောက်ကြည့်ရှူ့ရာမှာ အဘိုးအဘွားနှစ်ဦးစလုံး အခန်းတွင်းသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ကိုဝင်းနိုင်က ဆိုပါတယ်။

“အဘိုးက ဒရင်းဘက်လိုမျိုးကုလားထိုင်နောက်မှီမှာ ထိုင်လျက်ဆုံးနေတယ်။ အဘွားကတော့ အခန်းဝနားက ပလပ်စတစ်ထိုင်ခုံမှာ ထိုင်လျက်ဆုံးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ စပ်သပ်ကြည့်တော့ ခန္ဓာကိုယ်တွေက တောင့်တောင်နေပြီ”လို့ ၎င်းက ဆက်ပြောပါတယ်။

အနီးနားပတ်ဝတ်ကျင်မှာ စုံစမ်းသိရသလောက် အဘိုးနဲ့အဘွားဟာ သားသမီးကြောထောက်နောက်ခံရှိပုံမရသလို နေမကောင်းဖြစ်ချိန်မှာ ပြုစုပေးမယ့်သူမရှိခဲ့ဘူးလို့ ယူဆရကြောင်း အရပ်ဘက် လူမှုကူညီရေးအဖွဲ့ တာဝန်မွေမြို့နယ်ရဲ့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေမှာ အရပ်ဘက်လူမှုကူညီရဲ့အသင်းကပဲ သေဆုံးရုပ်အလောင်းတွေကို အရေးပေါ်ယာဉ်နဲ့ သယ်ယူဖို့ရှိနေပြီး သဂြိၤုလ်ခွင့်ရဖို့ သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာအပါအဝင် ဆရာဝန်လက်မှရရှိဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။