Connect with us

Hi, what are you looking for?

News

ကိုယ်ဝန်ဆောင်တစ်ဦးကို ဆေးရုံကလက်မခံလို့ အိမ်ပြန်လာစဉ် မီးမဖွားနိုင်ဘဲ မိခင်ရောကလေးပါသေဆုံး

“ကိုယ်ဝန်ဆောင်မိခင် တဦး မီးဖွားရန်နီးကပ်နေသဖြင့်ဆေးရုံသို့ပို့စဉ်လူနာများပြည့်နေသဖြင့်အဆင်မပြေဖြစ်အိမ်သို့ပြန်ခေါ်လာစဉ်ဖခင်ဖြစ်သူပြောပြချက်အရညစ်အားမရှိသဖြင့် မိခင်ကောကလေးပါသေဆုံးသွားခဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့အားအကူအညီတောင်းခံသဖြင့် ပို့ဆောင်ကူညီ”လို့ အဲဒီတာဝန်ရှိသူက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - ပုလဲအရန်မီးသတ်တပ်ဖွဲ့

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဆေးရုံကလက်မခံတာကြောင့် အိမ်ပြန်လာစဉ် မီးမဖွားနိုင်ဘဲ မိခင်​ရောက​လေးပါ သေဆုံးသွားခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ရွှေပေါက္ကံမြို့သစ် (၁၁) ရပ်ကွက် ထွန်းသစ္စာလမ်းမှာနေထိုင်သူဖြစ်ပြီး သေဆုံးချိန်မှာ အသက်(၄၀)ရှိပြီလို့ ရုပ်အလောင်းသွားရောက်သယ်ယူပေးခဲ့တဲ့ ပုလဲအရန်မီးသတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့

“ကိုယ်ဝန်ဆောင်မိခင် တဦး မီးဖွားရန်နီးကပ်နေသဖြင့်ဆေးရုံသို့ပို့စဉ်လူနာများပြည့်နေသဖြင့်အဆင်မပြေဖြစ်အိမ်သို့ပြန်ခေါ်လာစဉ်ဖခင်ဖြစ်သူပြောပြချက်အရညစ်အားမရှိသဖြင့် မိခင်ကောကလေးပါသေဆုံးသွားခဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့အားအကူအညီတောင်းခံသဖြင့် ပို့ဆောင်ကူညီ”လို့ အဲဒီတာဝန်ရှိသူက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အစိုးရဆေးရုံကြီးတွေမှာ ကိုယ်ဝန်ဆောင်တွေကို ဆေးရုံတက်မီးဖွားခွင့်မပေးဘဲ ပြန်လွှတ်တဲ့ဖြစ်စဉ်တွေ ဆေးရုံတိုင်းလိုလိုမှာ ဖြစ်ပွားနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ကားလမ်းဖြတ်ကူးနေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

Facebook