ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဆေးရုံကလက်မခံတာကြောင့် အိမ်ပြန်လာစဉ် မီးမဖွားနိုင်ဘဲ မိခင်ရောကလေးပါ သေဆုံးသွားခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ရွှေပေါက္ကံမြို့သစ် (၁၁) ရပ်ကွက် ထွန်းသစ္စာလမ်းမှာနေထိုင်သူဖြစ်ပြီး သေဆုံးချိန်မှာ အသက်(၄၀)ရှိပြီလို့ ရုပ်အလောင်းသွားရောက်သယ်ယူပေးခဲ့တဲ့ ပုလဲအရန်မီးသတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင် တဦး မီးဖွားရန်နီးကပ်နေသဖြင့်ဆေးရုံသို့ပို့စဉ်လူနာများပြည့်နေသဖြင့်အဆင်မပြေဖြစ်အိမ်သို့ပြန်ခေါ်လာစဉ်ဖခင်ဖြစ်သူပြောပြချက်အရညစ်အားမရှိသဖြင့် မိခင်ကောကလေးပါသေဆုံးသွားခဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့အားအကူအညီတောင်းခံသဖြင့် ပို့ဆောင်ကူညီ”လို့ အဲဒီတာဝန်ရှိသူက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့ ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့
ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အစိုးရဆေးရုံကြီးတွေမှာ ကိုယ်ဝန်ဆောင်တွေကို ဆေးရုံတက်မီးဖွားခွင့်မပေးဘဲ ပြန်လွှတ်တဲ့ဖြစ်စဉ်တွေ ဆေးရုံတိုင်းလိုလိုမှာ ဖြစ်ပွားနေပါတယ်။

Public Service Announcement
