Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဖြုတ်ချ​ရေးဆက်လက်ချီတက်​နေတဲ့ ရွာပေါင်းစုံသပိတ်စစ်​ကြောင်း

Covid-19 ဒေသတွင်း ကူးစက်မှုများပြားလာသောကြောင့် လူအင်အားလျော့နည်းသွားခဲ့သော်လည်း စစ်အာဏာရှင် ကျဆုံးရေးအတွက် ရှိသမျှအင်အားနှင့် ဇွဲမလျှော့တမ်း ဆက်လက်၍ ချီတက်နေဆဲဖြစ်ပါတယ်’ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာ

စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချ​ရေးအတွက် ယ​နေ့တွင်ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ သပိတ်စစ်​ကြောင်းသည် ချီတက်ဆန္ဒပြမှု ၁၃၉ရက်​မြောက်အဖြစ် ယ​နေ့တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

‘Covid-19 ဒေသတွင်း ကူးစက်မှုများပြားလာသောကြောင့် လူအင်အားလျော့နည်းသွားခဲ့သော်လည်း စစ်အာဏာရှင် ကျဆုံးရေးအတွက် ရှိသမျှအင်အားနှင့် ဇွဲမလျှော့တမ်း ဆက်လက်၍ ချီတက်နေဆဲဖြစ်ပါတယ်’ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။