Connect with us

Hi, what are you looking for?

News

စာရေးဆရာကြီးသိုက်ထွန်းသက် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

သိုက်ထွန်းသက် ဒီနေ့နေ့လယ် ၁၁ နာရီ ၃၅ မိနစ်မှာပဲ သူချစ်တဲ့ စာပေလောကကို စွန့်ခွာသွားခဲ့ပါပြီ။ ဖေဖေ့ကို ကိုဗစ်လက်ထဲကကယ်ဖို့ မစွမ်းနိုင်ခဲ့တာ အားလုံးခွင့်လွှတ်ပေးကြပါ”လို့ ဆရာမအေးမြနုက ရင်ဖွင့်ထားပါတယ်။

မန္တလေးမြို့မှာနေတဲ့ စာရေးဆရာကြီး သိုက်ထွန်းသက် (ဦး) ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သမီးဖြစ်သူ ဆရာမအေးမြနုက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ကတဆင့် အသိပေးထားပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံထားရလို့ ကုသမှုခံယူနေစဉ် ဒီက နေ့နေ့လယ် ၁၁နာရီ ၃၅မိနစ်မှာ ဆုံးပါးသွားတာဖြစ်လို့ သမီးဖြစ်သူက ဆိုပါတယ်။

“စာရေးဆရာကြီး သိုက်ထွန်းသက် ဒီနေ့နေ့လယ် ၁၁ နာရီ ၃၅ မိနစ်မှာပဲ သူချစ်တဲ့ စာပေလောကကို စွန့်ခွာသွားခဲ့ပါပြီ။ ဖေဖေ့ကို ကိုဗစ်လက်ထဲကကယ်ဖို့ မစွမ်းနိုင်ခဲ့တာ အားလုံးခွင့်လွှတ်ပေးကြပါ”လို့ ဆရာမအေးမြနုက ရင်ဖွင့်ထားပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ၁၉၉၇ ကစလို့ သတင်းဆရာတစ်ဦးအဖြစ် သက်မွေးဝမ်းကြောင်းပြုခဲ့ကာ နောက်ပိုင်းမှာ မဂ္ဂဇင်းဂျာနယ်နဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ ဆောင်းပါး ဝတ္ထုတို၊ ဝတ္ထုရှည်စတာတွေရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားစာပေဆုရှင် စာရေးဆရာ (ဦး) တင်ညွှန့် နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်နေသူ သားဖြစ်သူတို့ကို ဧပြီလ ၂၃ ရက်က ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်မှာရှိတဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။