Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဘေးကြုံနေသည့်လှိုင်းဘွဲ့တွင် ကလေးငယ်နှစ်ဦးနေအိမ်ပေါ်မှပြုတ်ကျပြီး ရေနစ်သေဆုံး

“အဖွားက ကလေးတွေအတွက် မုန့်သွားဝယ်တာ။ မြေးနှစ်ယောက်ကို ချန်ထားခဲ့တာ။တံခါးသော့မပိတ်ထားတော့ ကလေးကဖွင့်ပြီး ပြုတ်ကျသေဆုံးတာဖြစ်မယ်။ သူတို့အိမ်က အိမ်တံရှည်ပေမယ့် ရေကြီးတာက အခင်းထိ ရေရောက်နေတာ”ဟု ဒေသခံက ပြောသည်။

ရေကြီးမှုဖြစ်ပွားနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ် ကော့မြတ်ကြီးကျေးရွာတွင် ကလေးငယ်နှစ်ဦးနေအိမ်ပေါ်မှ ရေထဲသို့ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။

အသက် ၄နှစ်အရွယ်နှင့် ၁နှစ်ခွဲအရွယ် ကလေးငယ်နှစ်ဦးသည် နေအိမ်မှလူကြီးများအပြင်သွားစဥ် ယနေ့ မွန်း လွဲပိုင်း၌ ရေထဲပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဖွားက ကလေးတွေအတွက် မုန့်သွားဝယ်တာ။ မြေးနှစ်ယောက်ကို ချန်ထားခဲ့တာ။တံခါးသော့မပိတ်ထားတော့ ကလေးကဖွင့်ပြီး ပြုတ်ကျသေဆုံးတာဖြစ်မယ်။ သူတို့အိမ်က အိမ်တံရှည်ပေမယ့် ရေကြီးတာက အခင်းထိ ရေရောက်နေတာ”ဟု ဒေသခံက ပြောသည်။

အဆိုပါရွာသင်္ချိုင်းသည် ရေမြုပ်နေ၍ ကလေးငယ်နှစ်ဦးကို အခြားရွာသို့ လှေဖြင့် ပို့ဆောင်သင်္ဂြိုလ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကလေးငယ်နှစ်ဦး၏ မိဘများသည် ရပ်ဝေးသို့ အလုပ်သွားလုပ်နေကြ၍ အဖွားဖြစ်သူ၊ ဦးလေးဖြစ်သူတို့နှင့် နေထိုင်ကြခြင်းဖြစ်သည်။

You May Also Like

သတင်း

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

သတင်း

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

သတင်း

သေဆုံးသွားတဲ့ ကလေးတွေ ဟာ အသက် ၁၆နှစ်နဲ့ ၁၃နှစ်အရွယ် မိန်းကလေး၂ ဦး၊၅နှစ်နဲ့ ၆နှစ်အရွယ်ယောကျာ်းလေးနှစ်ဦးတို့ဖြစ်ပါတယ်။

သတင်း

ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။