Connect with us

Hi, what are you looking for?

News

ရေဘေးကြုံနေသည့်လှိုင်းဘွဲ့တွင် ကလေးငယ်နှစ်ဦးနေအိမ်ပေါ်မှပြုတ်ကျပြီး ရေနစ်သေဆုံး

“အဖွားက ကလေးတွေအတွက် မုန့်သွားဝယ်တာ။ မြေးနှစ်ယောက်ကို ချန်ထားခဲ့တာ။တံခါးသော့မပိတ်ထားတော့ ကလေးကဖွင့်ပြီး ပြုတ်ကျသေဆုံးတာဖြစ်မယ်။ သူတို့အိမ်က အိမ်တံရှည်ပေမယ့် ရေကြီးတာက အခင်းထိ ရေရောက်နေတာ”ဟု ဒေသခံက ပြောသည်။

ရေကြီးမှုဖြစ်ပွားနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ် ကော့မြတ်ကြီးကျေးရွာတွင် ကလေးငယ်နှစ်ဦးနေအိမ်ပေါ်မှ ရေထဲသို့ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။

အသက် ၄နှစ်အရွယ်နှင့် ၁နှစ်ခွဲအရွယ် ကလေးငယ်နှစ်ဦးသည် နေအိမ်မှလူကြီးများအပြင်သွားစဥ် ယနေ့ မွန်း လွဲပိုင်း၌ ရေထဲပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဖွားက ကလေးတွေအတွက် မုန့်သွားဝယ်တာ။ မြေးနှစ်ယောက်ကို ချန်ထားခဲ့တာ။တံခါးသော့မပိတ်ထားတော့ ကလေးကဖွင့်ပြီး ပြုတ်ကျသေဆုံးတာဖြစ်မယ်။ သူတို့အိမ်က အိမ်တံရှည်ပေမယ့် ရေကြီးတာက အခင်းထိ ရေရောက်နေတာ”ဟု ဒေသခံက ပြောသည်။

အဆိုပါရွာသင်္ချိုင်းသည် ရေမြုပ်နေ၍ ကလေးငယ်နှစ်ဦးကို အခြားရွာသို့ လှေဖြင့် ပို့ဆောင်သင်္ဂြိုလ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကလေးငယ်နှစ်ဦး၏ မိဘများသည် ရပ်ဝေးသို့ အလုပ်သွားလုပ်နေကြ၍ အဖွားဖြစ်သူ၊ ဦးလေးဖြစ်သူတို့နှင့် နေထိုင်ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်