Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမာရွတ်မှာ မ​နေ့ညက ဖမ်းဆီးခံရသူ ၁၅ ဦးခန့်ရှိ

“ ဗဟိုလမ်းပေါ်မှာ အသံဗုံး နှစ်လုံးတွေ့တယ်ဆိုတာမျိုးကြားရတယ်။ ပြီးတော့ လက်နက်ကိုင်တွေရောက်လာပြီး ထန်းတပင်လမ်းထဲက အဆောင်တစ်ဆောင်ကို ဝင်စီးတယ်လို့လည်းကြားတယ်။ လူဘယ်နှစ်ယောက်အဖမ်းခံလိုက်ရတယ်ဆိုတာတော့ အတိအကျ မသိရဘူး” လို့ အဲဒီဒေသခံက ဆိုပါတယ်။

ကမာရွတ်မြို့နယ်မှာ ယမန်နေ့(သြဂုတ် ၁)ရက်တည်း စစ်ကောင်စီအဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရတဲ့ပြည်သူ ၁၅ ခန့်ရှိခဲ့ပါတယ်။

ဖမ်းဆီခံရသူတွေထဲမှာ ကမာရွတ်(၃)ရပ်ကွက် မြအုပ်စုက ငါးဦး၊ ဗဟိုလမ်း BRB ဆိုက္ကားဂိတ်က ရှစ်ဦးနဲ့ မြမာလာလမ်းနဲ့ ရတနာလမ်းတွေက တစ်ဦးစီအပါအဝင်အားလုံး ၁၅ ဦးလို့ ကမာရွတ်မြို့နယ်ရဲ့ KMY-INFO က ထုတ်ပြန်ထားပါတယ်။

“ ကျွန်တော်တို့အနားမှာတော့ ည ၁၂ နာရီလောက်မှာ လာဖမ်းတာ။ ဘယ်နှစ်ဦးအဖမ်းခံရတယ်ဆိုတာတော့ အတိအကျမသိရဘူး” လို့ ကမာရွတ် အမှတ် (၃)ရပ်ကွက်မှာ ရပ်ကျေးအာဏာပိုင်လုပ်ဖူးခဲ့သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်ထဲက တခြားလမ်းတွေမှာလည်း အ ဖမ်းအဆီးတချို့ရှိတယ်လို့ ကြားသိရပြီး ယမန် နေ့(သြဂုတ် ၁)နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီရဲ့လက် နက်ကိုင်တပ်တွေ ရပ်ကွက်ထဲခြေရှုပ်နေတာ သတိထားမိတယ်လို့ အဲဒီရပ်ကျေးအာဏာပိုင်ဟောင်းဖြစ်သူက ပြောပါတယ်။

ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာ​ရှေ့နှင့် အမှတ်(၃) ရပ်ကွက်ထဲမှာရှိတဲ့ ဗဟိုလမ်းပေါ်မှာ ဗုံးတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲနဲ့စစ်သားတွေ ရပ်ကွက်ထဲဝင်ရောက်စီးနင်းတာတွရှိတဲ့အကြောင်း အခင်းဖြစ်ရပ်အနီးနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ထပ်မံအတည်ပြုပါတယ်။

“ ဗဟိုလမ်းပေါ်မှာ အသံဗုံး နှစ်လုံးတွေ့တယ်ဆိုတာမျိုးကြားရတယ်။ ပြီးတော့ လက်နက်ကိုင်တွေရောက်လာပြီး ထန်းတပင်လမ်းထဲက အဆောင်တစ်ဆောင်ကို ဝင်စီးတယ်လို့လည်းကြားတယ်။ လူဘယ်နှစ်ယောက်အဖမ်းခံလိုက်ရတယ်ဆိုတာတော့ အတိအကျ မသိရဘူး” လို့ အဲဒီဒေသခံက ဆိုပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ ဗုံးလန့်တယ်ဆိုတဲ့အ ကြောင်းပြချက်နဲ့ ဆက်စပ်ပြီး အဖမ်းခံရတဲ့သူတွေရှိသလို ညမထွက်ရအမိန့်သတ်မှတ်ထားချိန်နောက်ပိုင်း အပြင်ထွက်သူတချို့လည်းပါတယ်လို့ ထင်ကြေးပေးတာတွေရှိပေမဲ့ People’s Spring အနေနဲ့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

You May Also Like

သတင်း

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။