Connect with us

Hi, what are you looking for?

News

ကမာရွတ်မှာ မ​နေ့ညက ဖမ်းဆီးခံရသူ ၁၅ ဦးခန့်ရှိ

“ဗဟိုလမ်းပေါ်မှာ အသံဗုံး နှစ်လုံးတွေ့တယ်ဆိုတာမျိုးကြားရတယ်။ ပြီးတော့ လက်နက်ကိုင်တွေရောက်လာပြီး ထန်းတပင်လမ်းထဲက အဆောင်တစ်ဆောင်ကို ဝင်စီးတယ်လို့လည်းကြားတယ်။ လူဘယ်နှစ်ယောက်အဖမ်းခံလိုက်ရတယ်ဆိုတာတော့ အတိအကျ မသိရဘူး”လို့ အဲဒီဒေသခံက ဆိုပါတယ်။

ကမာရွတ်မြို့နယ်မှာ ယမန်နေ့(သြဂုတ် ၁)ရက်တည်း စစ်ကောင်စီအဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရတဲ့ပြည်သူ ၁၅ ခန့်ရှိခဲ့ပါတယ်။

ဖမ်းဆီခံရသူတွေထဲမှာ ကမာရွတ်(၃)ရပ်ကွက် မြအုပ်စုက ငါးဦး၊ ဗဟိုလမ်း BRB ဆိုက္ကားဂိတ်က ရှစ်ဦးနဲ့ မြမာလာလမ်းနဲ့ ရတနာလမ်းတွေက တစ်ဦးစီအပါအဝင်အားလုံး ၁၅ ဦးလို့ ကမာရွတ်မြို့နယ်ရဲ့ KMY-INFO က ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့အနားမှာတော့ ည ၁၂ နာရီလောက်မှာ လာဖမ်းတာ။ ဘယ်နှစ်ဦးအဖမ်းခံရတယ်ဆိုတာတော့ အတိအကျမသိရဘူး”လို့ ကမာရွတ် အမှတ် (၃)ရပ်ကွက်မှာ ရပ်ကျေးအာဏာပိုင်လုပ်ဖူးခဲ့သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်ထဲက တခြားလမ်းတွေမှာလည်း အ ဖမ်းအဆီးတချို့ရှိတယ်လို့ ကြားသိရပြီး ယမန် နေ့(သြဂုတ် ၁)နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီရဲ့လက် နက်ကိုင်တပ်တွေ ရပ်ကွက်ထဲခြေရှုပ်နေတာ သတိထားမိတယ်လို့ အဲဒီရပ်ကျေးအာဏာပိုင်ဟောင်းဖြစ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာ​ရှေ့နှင့် အမှတ်(၃) ရပ်ကွက်ထဲမှာရှိတဲ့ ဗဟိုလမ်းပေါ်မှာ ဗုံးတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲနဲ့စစ်သားတွေ ရပ်ကွက်ထဲဝင်ရောက်စီးနင်းတာတွရှိတဲ့အကြောင်း အခင်းဖြစ်ရပ်အနီးနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ထပ်မံအတည်ပြုပါတယ်။

“ဗဟိုလမ်းပေါ်မှာ အသံဗုံး နှစ်လုံးတွေ့တယ်ဆိုတာမျိုးကြားရတယ်။ ပြီးတော့ လက်နက်ကိုင်တွေရောက်လာပြီး ထန်းတပင်လမ်းထဲက အဆောင်တစ်ဆောင်ကို ဝင်စီးတယ်လို့လည်းကြားတယ်။ လူဘယ်နှစ်ယောက်အဖမ်းခံလိုက်ရတယ်ဆိုတာတော့ အတိအကျ မသိရဘူး”လို့ အဲဒီဒေသခံက ဆိုပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ ဗုံးလန့်တယ်ဆိုတဲ့အ ကြောင်းပြချက်နဲ့ ဆက်စပ်ပြီး အဖမ်းခံရတဲ့သူတွေရှိသလို ညမထွက်ရအမိန့်သတ်မှတ်ထားချိန်နောက်ပိုင်း အပြင်ထွက်သူတချို့လည်းပါတယ်လို့ ထင်ကြေးပေးတာတွေရှိပေမဲ့ People’s Spring အနေနဲ့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။