Connect with us

Hi, what are you looking for?

News

ရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်

တို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၃ ရက်ရှိပြီဖြစ်သည်။

ဓာတ်ပုံ - ပြည်သူ့မီဒီယာကွန်ယက်-မုံရွာ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းမှာ ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

‘၁၄၅ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ နေ့စဥ်မပျက် ဆက်လက်ချီတက်လျှက်ရှိပြီး အာဏာရှင်ကိုပုန်ကန်မြဲဖြစ်ပါတယ်’ ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန် သည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၃ ရက်ရှိပြီဖြစ်သည်။

ဓာတ်ပုံ – ပြည်သူ့မီဒီယာကွန်ယက်-မုံရွာ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ် ထွက်၍ နိုင်ငံတစ်ဝန်းဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၈၀ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။