စစ်တပ်အာဏာသိမ်းမှုဒဏ်ကိုရော၊အာဏာသိမ်းမှုနောက်ဆက်တွဲကိုဗစ်တတိယလှိုင်းဒဏ်ကိုပါ အလူး အလဲခံနေရတဲ့ ရန်ကုန်မြို့လယ်နေရာတချို့ရဲ့မြင်ကွင်းကို စစ်တပ်အာဏာသိမ်းမှု ခြောက်လပြည်တဲ့နေ့ ဇူလိုင် ၃၁ ရက်ကမြင်တွေ့ရတာဖြစ်ပါတယ်။
နေ့စဥ်စစ်ကောင်စီရဲ့ဖိနှိပ်မှု ကပ်ရောဂါရဲ့နှိပ်စက်မှုတွေကြားက အာဏာလုစစ်တပ်ကိုဖြုတ်ချဖို့ ဆန္ဒပြပွဲတွေ မကြာခဏပြုလုပ်နေကြသလို ၊ ပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့တိုက်ပွဲခေါ်သံကို စောင့်မျှော်နေရင်း၊အခက် အခဲအကြပ်အတည်းတွေကို အပြန်အလှန်ဖေးမပြီးဖြတ်ကျော်နေကြပါတယ်။
