Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ရဲ့ အချိန်ဆွဲတဲ့ရွေးကောက်ပွဲအစီအစဥ်ကို အမေရိကန်ပယ်ချ

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ၂၀၂၃မှာ ကျင်းပမယ်လို့ ကြေညာချက်ဟာ အချိန်ဆွဲနေမှုဖြစ်ပြီး အမေရိကန်နိုင်ငံခြားဝန်ကြီးက အာဆီယံသဘောတူညီချက်တစ်ခုဖြစ်တဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိုတွန်းအားပေးဖို့ စီစဥ်ထားပါတယ်။

အမေရိကန်ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဥ်ကို ပယ်ချလိုက်ပြီး အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖို့ ဖိအားပေးလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ၂၀၂၃မှာ ကျင်းပမယ်လို့ ကြေညာချက်ဟာ အချိန်ဆွဲနေမှုဖြစ်ပြီး အမေရိကန်နိုင်ငံခြားဝန်ကြီးက အာဆီယံသဘောတူညီချက်တစ်ခုဖြစ်တဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိုတွန်းအားပေးဖို့ စီစဥ်ထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မနေ့က စတင်ခဲ့ပြီး ဒီသီတင်းပတ်အတွင်းကျင်းပမယ့် ဆက်စပ်အစည်းအဝေးတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်လည်း Virtual ကနေ တက်ရောက်မှာဖြစ်ပါတယ်။

“အာဆီယံကို သူတို့ရဲ့ကြိုးပမ်းမှုလမ်းကြောင်းအတိုင်းသွားဖို့ တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်ဟာ အချိန်ဆွဲနေတယ်ဆိုတာ ရှင်းလင်းနေပြီး အချိန်ဆွဲရင်းနဲ့ သူ့ကိုယ်ကျိုးအတွက် လုပ်​ဆောင်နေတာပါ”လို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အကြမ်းဖက်မှုရပ်တန့်ဖို့၊ တွေ့ဆုံညှိနှိုင်းဖို့၊ အထူးကိုယ်စားလှယ်ခန့်ဖို့ အပါအဝင် သဘော တူဆုံးဖြတ်ချက် ငါးရပ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအထိ မြန်မာစစ်တပ်က အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။