Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့ အချိန်ဆွဲတဲ့ရွေးကောက်ပွဲအစီအစဥ်ကို အမေရိကန်ပယ်ချ

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ၂၀၂၃မှာ ကျင်းပမယ်လို့ ကြေညာချက်ဟာ အချိန်ဆွဲနေမှုဖြစ်ပြီး အမေရိကန်နိုင်ငံခြားဝန်ကြီးက အာဆီယံသဘောတူညီချက်တစ်ခုဖြစ်တဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိုတွန်းအားပေးဖို့ စီစဥ်ထားပါတယ်။

အမေရိကန်ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဥ်ကို ပယ်ချလိုက်ပြီး အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖို့ ဖိအားပေးလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ၂၀၂၃မှာ ကျင်းပမယ်လို့ ကြေညာချက်ဟာ အချိန်ဆွဲနေမှုဖြစ်ပြီး အမေရိကန်နိုင်ငံခြားဝန်ကြီးက အာဆီယံသဘောတူညီချက်တစ်ခုဖြစ်တဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိုတွန်းအားပေးဖို့ စီစဥ်ထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မနေ့က စတင်ခဲ့ပြီး ဒီသီတင်းပတ်အတွင်းကျင်းပမယ့် ဆက်စပ်အစည်းအဝေးတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်လည်း Virtual ကနေ တက်ရောက်မှာဖြစ်ပါတယ်။

“အာဆီယံကို သူတို့ရဲ့ကြိုးပမ်းမှုလမ်းကြောင်းအတိုင်းသွားဖို့ တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်ဟာ အချိန်ဆွဲနေတယ်ဆိုတာ ရှင်းလင်းနေပြီး အချိန်ဆွဲရင်းနဲ့ သူ့ကိုယ်ကျိုးအတွက် လုပ်​ဆောင်နေတာပါ”လို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အကြမ်းဖက်မှုရပ်တန့်ဖို့၊ တွေ့ဆုံညှိနှိုင်းဖို့၊ အထူးကိုယ်စားလှယ်ခန့်ဖို့ အပါအဝင် သဘော တူဆုံးဖြတ်ချက် ငါးရပ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအထိ မြန်မာစစ်တပ်က အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။