Connect with us

Hi, what are you looking for?

LuduNwayOo

News

အထူးကိုယ်စားလှယ်ခန့်ဖို့ အာဆီယံစောင့်ဆိုင်းနေ

ါပေမယ့် မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်က အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့ သဘောတူထားတယ်လို့ သြဂုတ် ၁ ရက်မှာ ပြောထားပါတယ်။

မြန်မာ့အရေးဖြေရှင်းကူညီဖို့ အထူးကိုယ်စားလှယ်တစ်ဦးကို အာဆီယံထိပ်တန်းသံတမန်တွေက ကနဦးရွေး ချယ်လိုက်ပေမယ့် အမည်စာရင်းမကြေညာခင်မှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ AP သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အထူးကိုယ်စား လှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်လိုပြီး ဆုံးဖြတ်ချက်ကို မနေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမှာ ချမှတ်ခဲ့တယ်လို့ သံတမန်နှစ်ဦးက AP ကိုပြောပါတယ်။

ဒါပေမယ့် မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်က အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့ သဘောတူထားတယ်လို့ သြဂုတ် ၁ ရက်မှာ ပြောထားပါတယ်။

ဒါ့ကြောင့် အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စား လှယ်က ထိုင်းနိုင်ငံသားဖြစ်မလား၊ ဘရူနိုင်းနိုင်ငံသားဖြစ်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ အပါအဝင် သဘောတူဆုံးဖြတ်ချက် ငါးရပ်ကို အာဆီယံခေါင်းဆောင်တွေက ဧပြီနှောင်းပိုင်းကတည်းက ချမှတ်ခဲ့ပေမယ့် သုံး လကျော်လာချိန်အထိ အကောင်အထည်ခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။