Connect with us

Hi, what are you looking for?

News

အထူးကိုယ်စားလှယ်ခန့်ဖို့ အာဆီယံစောင့်ဆိုင်းနေ

ါပေမယ့် မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်က အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့ သဘောတူထားတယ်လို့ သြဂုတ် ၁ ရက်မှာ ပြောထားပါတယ်။

မြန်မာ့အရေးဖြေရှင်းကူညီဖို့ အထူးကိုယ်စားလှယ်တစ်ဦးကို အာဆီယံထိပ်တန်းသံတမန်တွေက ကနဦးရွေး ချယ်လိုက်ပေမယ့် အမည်စာရင်းမကြေညာခင်မှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ AP သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အထူးကိုယ်စား လှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်လိုပြီး ဆုံးဖြတ်ချက်ကို မနေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမှာ ချမှတ်ခဲ့တယ်လို့ သံတမန်နှစ်ဦးက AP ကိုပြောပါတယ်။

ဒါပေမယ့် မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်က အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့ သဘောတူထားတယ်လို့ သြဂုတ် ၁ ရက်မှာ ပြောထားပါတယ်။

ဒါ့ကြောင့် အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စား လှယ်က ထိုင်းနိုင်ငံသားဖြစ်မလား၊ ဘရူနိုင်းနိုင်ငံသားဖြစ်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ အပါအဝင် သဘောတူဆုံးဖြတ်ချက် ငါးရပ်ကို အာဆီယံခေါင်းဆောင်တွေက ဧပြီနှောင်းပိုင်းကတည်းက ချမှတ်ခဲ့ပေမယ့် သုံး လကျော်လာချိန်အထိ အကောင်အထည်ခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook