Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးနှင့် စစ်ရေးမဟာဗျူဟာများ အသက်ဝင်အောင်လုပ်ရန် အချိန်ရောက်ပြီဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

ပြည်သူများက D Day ကိုမျှော်လင့်နေ ကြကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပြောရမည်ဆိုပါက D Day ဆိုသည်မှာ ရက်တစ်ရက် သီးသန့် သတ်မှတ်သည်ဆိုခြင်းထက် တော်လှန်ရေးဖြစ်စဉ်ကြီးတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

တော်လှန်ရေးမဟာဗျူဟာများ ၊စစ်ရေးမဟာဗျူဟာများကို အမြန်အသက်ဝင်အောင် လုပ်ဆောင်ကြရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေးတွင်း ပြည်ထောင်စုဝန်ကြီးချုပ်က တော် လှန်ရေးကာလ ပြည်သူများ ထိခိုက်သေဆုံးမှု အခြေ အနေကို ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းရှိ ကနီ၊ မင်းကင်း၊ ယင်းမာပင် မြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အရပ်သားပြည်သူသေဆုံးမှု (၂၃)ဦးထိ ရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“အပြစ်မဲ့ပြည်သူတွေ သေဆုံးရတဲ့အတွက်အလွန်စိတ်ထိခိုက်ရကြောင်း၊တော်လှန်ရေးက တရက် ကြန့်ကြာလေလေ ပြည်သူများ အသက်တွေဆုံးရှူံးနေရလေလေ ဖြစ်တာ ကြောင့် NUG အစိုးရရဲ့ တော်လှန်ရေးမဟာ ဗျူဟာများ ၊စစ်ရေးမဟာဗျူဟာများကို အမြန်အသက် ဝင်အောင် လုပ်ဆောင်ကြရတော့မည့် အချိန်ရောက်နေပြီလို့ ပြောလိုကြောင်း” ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူများက D Day ကိုမျှော်လင့်နေ ကြကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပြောရမည်ဆိုပါက D Day ဆိုသည်မှာ ရက်တစ်ရက် သီးသန့် သတ်မှတ်သည်ဆိုခြင်းထက် တော်လှန်ရေးဖြစ်စဉ်ကြီးတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် မြို့နယ်တစ်ခုချင်းစီတွင်မြေပြင်အခြေအနေအလိုက်လိုအပ်လာမည့် သက်ဆိုင်ရာကဏ္ဍများကို ဝန်ကြီးဌာနများ အချင်းချင်းချိတ်ဆက်ပြီး အစီအမံများဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က ဝန်ကြီးများအား တိုက်တွန်းခဲ့သည်။

လာမည့် သြဂုတ်၈ရက်သည့် ဒီမိုကရေစီအရေးအတွက် ပြည်သူများ တိုက်ပွဲဝင်ခဲ့ကြသည့် ရှစ်လေးလုံးအရေး တော်ပုံကြီး၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ၁၉၈၈ ကာလ ၈လေးလုံး အရေးတော်ပုံမှစ၍ ၂၀၂၁ကာလ (၂) ငါးလုံးအရေးတော်ပုံအထိ ပြည်သူလူထုသည် စစ်အာဏာရှင်ကို မလိုလားဘဲ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြောင်း တစိုက်မိတ်မတ်ပြသခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယခုတစ်ကြိမ်တွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် အပြီးသတ် ချေမှုန်းသွားကြရန် ပြည်ထောင်စုဝန်ကြီး ချုပ်က တိုက်တွန်းခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

ယ​နေ့ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

ယာယီသမ္မတ ဒူဝါလရှီးလာကလည်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း စစ်ကောင်စီကို အပြီးသတ် တိုက်ထုတ်ရှင်းလင်းနိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီ၏ခြေကုတ် အနိုင် ကျင့်မှုများကို ဖြိုဖျက်နိုင်မည့် အခြေခံလုပ်ငန်းများကို တည်ဆောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာ့သမိုင်း၌ မရှိခဲ့သည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော ညီညွတ်သောအစိုးရကို ဖွဲ့စည်းပြီး ကြားကာလအစိုးရ ယန္တယားကို ပြည်သူလူထုအတွင်း အမြစ်တွယ်နေစေရန်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာ၏ အသိအမှတ် ပြုမှုရရှိအောင် လုပ်ဆောင်ခြင်းနှင့် တစ်ဖက်တွင်လည်း စစ်ကောင်စီကိုဖြုတ်ချနိုင်ရန် တိုင်းရင်းသားအင်အားစုများနှင့် စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု တည်ဆောက်နေခြင်းများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။