Connect with us

Hi, what are you looking for?

News

ဒလန်နှင့်အုပ်ကြီးများ ဆက်တိုက်အသတ်ခံရပြီး​နောက် စစ်ကိုင်းတိုင်းထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ​ခြောက်ဦးထက်မနည်း နှုတ်ထွက်စာတင်

ple’s Spring ကရရှိထားတဲ့ အထောက်အထားတွေအရ အုပ်ချုပ်ရေးမှူးအများစုရဲ့ နှုတ်ထွက်စာတွေထဲမှာ ကျန်းမာရေးမကောင်းတာ တာဝန်တွေကို ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတာ စတဲ့အကြောင်းပြချက်တွေနဲ့ နှုတ်ထွက်စာတင်ကြတာ တွေ့ရပါတယ်။

ဒလန်နှင့်ရပ်ကွက်အုပ်ချုပ်​ရေးမှူးများဆက်တိုက်အသတ်ခံရပြီး​နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရပ်ကျေးအုပ်ချူပ်ရေးမှူး ​ခြောက်ဦးထက်မနည်း ဒီရက်ပိုင်းထဲ တာဝန်ကရပ်နားကြောင်း နှုတ်ထွက်စာတင်ကြတယ်လို့ စုံစမ်းသိရပါတယ်။

နှုတ်ထွက်စာတင်ကြသူတွေထဲမှာ မုံရွာမြို့ နန္ဒဝင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ပုလဲမြို့နယ်ထဲက ချင်းဝအုပ်စုက အုပ်ချုပ်ရေးမှူးတစ်ဦး မရိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အခြားအုပ်ချုပ်ရေးမှူးတစ်ဦး ခန္တီးမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတစ်ဦး ရေဖြူမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတစ်ဦးတို့ဖြစ်တို့ ဖြစ်ကြပါတယ်။

People’s Spring ကရရှိထားတဲ့ အထောက်အထားတွေအရ အုပ်ချုပ်ရေးမှူးအများစုရဲ့ နှုတ်ထွက်စာတွေထဲမှာ ကျန်းမာရေးမကောင်းတာ တာဝန်တွေကို ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတာ စတဲ့အကြောင်းပြချက်တွေနဲ့ နှုတ်ထွက်စာတင်ကြတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာရှိတဲ့ စစ်ကောင်စီလက်ကိုင် တုတ် သတင်းပေးဒလန်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးအဖွဲ့ဝင်အများအပြား အသတ်ခံနေရတာကြောင့် အုပ်ချုပ်ရေးမှူးတွေ အလျှိုလျှိုနှုတ်ထွက်နေကြတာလို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂ ရက်ကထုတ်ပြန်တဲ့ နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း အုပ်ချုပ်ရေးမှူး သတင်းပေးဒလန်နဲ့ ပျူစောထီအဖွဲ့ဝင် ၄၈ ဦးကို သုတ်သင်ခဲ့ရာမှာ စစ်ကိုင်းတိုင်းထဲက အများအပြားပါ ဝင်ပါတယ်။

​ဖေ​ဖော်ဝါရီ၂ရက်ကလည်း မုံရွာမြို့ရှိ စစ်​ကောင်စီသတင်း​ပေးဒလန်တစ်ဦး အသတ်ခံရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့ ​အချို့ နဲ့ဒေသခံပြည်သူ​တွေက စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) မှာလည်း ပြုလုပ်ခဲ့ပါတယ်။