Connect with us

Hi, what are you looking for?

News

ဒလန်နှင့်အုပ်ကြီးများ ဆက်တိုက်အသတ်ခံရပြီး​နောက် စစ်ကိုင်းတိုင်းထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ​ခြောက်ဦးထက်မနည်း နှုတ်ထွက်စာတင်

ple’s Spring ကရရှိထားတဲ့ အထောက်အထားတွေအရ အုပ်ချုပ်ရေးမှူးအများစုရဲ့ နှုတ်ထွက်စာတွေထဲမှာ ကျန်းမာရေးမကောင်းတာ တာဝန်တွေကို ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတာ စတဲ့အကြောင်းပြချက်တွေနဲ့ နှုတ်ထွက်စာတင်ကြတာ တွေ့ရပါတယ်။

ဒလန်နှင့်ရပ်ကွက်အုပ်ချုပ်​ရေးမှူးများဆက်တိုက်အသတ်ခံရပြီး​နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရပ်ကျေးအုပ်ချူပ်ရေးမှူး ​ခြောက်ဦးထက်မနည်း ဒီရက်ပိုင်းထဲ တာဝန်ကရပ်နားကြောင်း နှုတ်ထွက်စာတင်ကြတယ်လို့ စုံစမ်းသိရပါတယ်။

နှုတ်ထွက်စာတင်ကြသူတွေထဲမှာ မုံရွာမြို့ နန္ဒဝင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ပုလဲမြို့နယ်ထဲက ချင်းဝအုပ်စုက အုပ်ချုပ်ရေးမှူးတစ်ဦး မရိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အခြားအုပ်ချုပ်ရေးမှူးတစ်ဦး ခန္တီးမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတစ်ဦး ရေဖြူမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတစ်ဦးတို့ဖြစ်တို့ ဖြစ်ကြပါတယ်။

People’s Spring ကရရှိထားတဲ့ အထောက်အထားတွေအရ အုပ်ချုပ်ရေးမှူးအများစုရဲ့ နှုတ်ထွက်စာတွေထဲမှာ ကျန်းမာရေးမကောင်းတာ တာဝန်တွေကို ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတာ စတဲ့အကြောင်းပြချက်တွေနဲ့ နှုတ်ထွက်စာတင်ကြတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာရှိတဲ့ စစ်ကောင်စီလက်ကိုင် တုတ် သတင်းပေးဒလန်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးအဖွဲ့ဝင်အများအပြား အသတ်ခံနေရတာကြောင့် အုပ်ချုပ်ရေးမှူးတွေ အလျှိုလျှိုနှုတ်ထွက်နေကြတာလို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂ ရက်ကထုတ်ပြန်တဲ့ နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း အုပ်ချုပ်ရေးမှူး သတင်းပေးဒလန်နဲ့ ပျူစောထီအဖွဲ့ဝင် ၄၈ ဦးကို သုတ်သင်ခဲ့ရာမှာ စစ်ကိုင်းတိုင်းထဲက အများအပြားပါ ဝင်ပါတယ်။

​ဖေ​ဖော်ဝါရီ၂ရက်ကလည်း မုံရွာမြို့ရှိ စစ်​ကောင်စီသတင်း​ပေးဒလန်တစ်ဦး အသတ်ခံရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။