ကလေးမြို့များလူငယ်များ၏ စစ်အာဏာရှင်ဖြုတ်ချရေး ပင်မသပိတ်စစ် ကြောင်းသည် ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များသည် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် နေ့စဥ်မပျက်ချီတက်ဆန္ဒပြကန့်ကွက်နေကြသည်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သြဂုတ်၂ ရက်အထိ ကျဆုံးခဲ့ရသူစုစုပေါင်း၉၄၆ ဦး ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ ဩဂုတ် ၃ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၇၈ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထပ်မံဖော်ပြထားသည်။ ထိုပြစ်ဒဏ် ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက်ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု အေအေပီပီက ဆိုသည်။























































