Connect with us

Hi, what are you looking for?

News

ကပ်ရောဂါဆိုင်ရာ သုံးပွင့်ဆိုင်အစည်းအဝေးကို အလုပ်သမားအဖွဲ့တွေ တက်တယ်ဆိုပြီး စစ်ကောင်စီ သတင်းအမှားလွှင့်ဝါဒဖြန့်

အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ စစ်အစိုးရနဲ့ လက် တွဲအလုပ်လုပ်ဖို့မရှိသလို လက်ရှိမှာလည်း အဖွဲ့အစည်းဝင် အလုပ်သမားကိုယ်စားလှယ်တွေကို ဖမ်းဝရမ်းထုတ်ခံထားသလို အဖွဲ့အစည်းဝင်တွေအနေနဲ့လည်း ဒီမိုကရေစီတိုက်ပွဲ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ကိုဗစ်ကပ်ရောဂါဆိုင်ရာ အာဏာပိုင် အလုပ်ရှင် အလုပ် သမားသုံးပွင့်ဆိုင်အစည်းအဝေးကို အလုပ် သမားအဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ MWD ရုပ်သံကနေ သတင်းအမှားဖြင့် ဝါဒဖြန့်သတင်း ထုတ်လွှင့်ခဲ့ပါတယ်။

သြဂုတ် ၃ ရက်နေ့ည ၈ နာရီ ၃၃ မိနစ်မှာထုတ်လွှင့်ခဲ့တဲ့ MWD ရုပ်သံသတင်းမှာတော့ အဲဒီအစည်းအဝေးကို စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက Video Conference နဲ့ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့(MICS)နဲ့ တောင်သူလယ်သမားအဖွဲ့အစည်းတွေ တက်ရောက်ခဲ့တယ်လို့ ဝါဒဖြန့်သတင်းဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အစည်းအဝေးတက်ရောက်ခြင်းမရှိဘဲ ခုလိုဝါဒဖြန့် သတင်းထုတ်လွှင့်တဲ့အပေါ် CTUM နဲ့ MICS တို့က စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုနေကြပါတယ်။

“တော်တော် အရှက်မရှိတဲ့သူတွေ။ သုံးပွင့်ဆိုင်အစည်း အဝေးတဲ့။ အလုပ်သမား ကိုယ်စားလှယ် တွေက CTUM, MICS နဲ့တောင်သူ လယ်သမားအဖွဲ့တွေ ပါတယ်ဆိုပဲ။ CTUM ဆိုတာ နင်တို့ အာဏာမသိမ်းခင်ကတည်းက အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပူး ပေါင်းဆောင်ရွက်မှု မလုပ်ကြောင်း ပြနေတာ။ ပြောရုံ မဟုတ်ဘူးနော်။ နိုင်ငံအသိ။ ကမ္ဘာအသိပဲ”လို့ CTUM ရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ မခိုင်ဇာအောင်က သူ့ရဲ့လူမှုကွန်ရက်တစ်ဆင့် အသိ​ပေး ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ စစ်အစိုးရနဲ့ လက် တွဲအလုပ်လုပ်ဖို့မရှိသလို လက်ရှိမှာလည်း အဖွဲ့အစည်းဝင် အလုပ်သမားကိုယ်စားလှယ်တွေကို ဖမ်းဝရမ်းထုတ်ခံထားသလို အဖွဲ့အစည်းဝင်တွေအနေနဲ့လည်း ဒီမိုကရေစီတိုက်ပွဲ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင် စီဟာ လူထုအထင်အမြင်လွဲမှားစေမယ့် ဝါဒဖြန့်သတင်းတွေကို မကြာခဏထုတ်လွှင့်လေ့ရှိပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်ရုပ်သံဖိုင်နဲ့ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် ရေဝေးသုသန်မှာ လူသေအလောင်းတွေကို ခြောင်ထိုးပြီး ရုပ်အလောင်းတွေမရှိလေဟန် ထုတ်လွှင့်ခဲ့တဲ့ ဝါဒဖြန့်ရုပ်သံတွေဟာ လူသိများပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

အဓိကအချက်များ ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။ ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။ ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင်...