Connect with us

Hi, what are you looking for?

News

ကပ်ရောဂါဆိုင်ရာ သုံးပွင့်ဆိုင်အစည်းအဝေးကို အလုပ်သမားအဖွဲ့တွေ တက်တယ်ဆိုပြီး စစ်ကောင်စီ သတင်းအမှားလွှင့်ဝါဒဖြန့်

အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ စစ်အစိုးရနဲ့ လက် တွဲအလုပ်လုပ်ဖို့မရှိသလို လက်ရှိမှာလည်း အဖွဲ့အစည်းဝင် အလုပ်သမားကိုယ်စားလှယ်တွေကို ဖမ်းဝရမ်းထုတ်ခံထားသလို အဖွဲ့အစည်းဝင်တွေအနေနဲ့လည်း ဒီမိုကရေစီတိုက်ပွဲ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ကိုဗစ်ကပ်ရောဂါဆိုင်ရာ အာဏာပိုင် အလုပ်ရှင် အလုပ် သမားသုံးပွင့်ဆိုင်အစည်းအဝေးကို အလုပ် သမားအဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ MWD ရုပ်သံကနေ သတင်းအမှားဖြင့် ဝါဒဖြန့်သတင်း ထုတ်လွှင့်ခဲ့ပါတယ်။

သြဂုတ် ၃ ရက်နေ့ည ၈ နာရီ ၃၃ မိနစ်မှာထုတ်လွှင့်ခဲ့တဲ့ MWD ရုပ်သံသတင်းမှာတော့ အဲဒီအစည်းအဝေးကို စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက Video Conference နဲ့ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့(MICS)နဲ့ တောင်သူလယ်သမားအဖွဲ့အစည်းတွေ တက်ရောက်ခဲ့တယ်လို့ ဝါဒဖြန့်သတင်းဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အစည်းအဝေးတက်ရောက်ခြင်းမရှိဘဲ ခုလိုဝါဒဖြန့် သတင်းထုတ်လွှင့်တဲ့အပေါ် CTUM နဲ့ MICS တို့က စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုနေကြပါတယ်။

“ တော်တော် အရှက်မရှိတဲ့သူတွေ။ သုံးပွင့်ဆိုင်အစည်း အဝေးတဲ့။ အလုပ်သမား ကိုယ်စားလှယ် တွေက CTUM, MICS နဲ့တောင်သူ လယ်သမားအဖွဲ့တွေ ပါတယ်ဆိုပဲ။ CTUM ဆိုတာ နင်တို့ အာဏာမသိမ်းခင်ကတည်းက အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပူး ပေါင်းဆောင်ရွက်မှု မလုပ်ကြောင်း ပြနေတာ။ ပြောရုံ မဟုတ်ဘူးနော်။ နိုင်ငံအသိ။ ကမ္ဘာအသိပဲ” လို့ CTUM ရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ မခိုင်ဇာအောင်က သူ့ရဲ့လူမှုကွန်ရက်တစ်ဆင့် အသိ​ပေး ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ စစ်အစိုးရနဲ့ လက် တွဲအလုပ်လုပ်ဖို့မရှိသလို လက်ရှိမှာလည်း အဖွဲ့အစည်းဝင် အလုပ်သမားကိုယ်စားလှယ်တွေကို ဖမ်းဝရမ်းထုတ်ခံထားသလို အဖွဲ့အစည်းဝင်တွေအနေနဲ့လည်း ဒီမိုကရေစီတိုက်ပွဲ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင် စီဟာ လူထုအထင်အမြင်လွဲမှားစေမယ့် ဝါဒဖြန့်သတင်းတွေကို မကြာခဏထုတ်လွှင့်လေ့ရှိပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်ရုပ်သံဖိုင်နဲ့ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် ရေဝေးသုသန်မှာ လူသေအလောင်းတွေကို ခြောင်ထိုးပြီး ရုပ်အလောင်းတွေမရှိလေဟန် ထုတ်လွှင့်ခဲ့တဲ့ ဝါဒဖြန့်ရုပ်သံတွေဟာ လူသိများပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။