လုံခြုံရေးများတင်းကြပ်စွာချထားသော်လည်း ရန်ကုန်မြို့တွင် ယနေ့ (သြဂုတ်၄ရက်) ညပိုင်းက လူငယ်များ ဦးဆောင်ကာ အိမ်စောင့်စစ်ခွေးအလိုမရှိကြောင်း ညသပိတ်ချီတက် ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ယခုရက်ပိုင်းအတွင်းရန်ကုန်နှင့် မန္တလေးမြို့တွင် ဆန္ဒပြသောပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကအရပ်ဝတ်ဖြင့် ပုံဖျက်၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများဆက်တိုက်လုပ်နေသည့်ကြားမှ ရန်ကုန်တွင် ညသပိတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံ – CJ
