Connect with us

Hi, what are you looking for?

News

အထူးကိုယ်စားလှယ်ခန့်အပ်တာကို ထောက်ခံပေမယ့် မြန်မာ့အရေးကို ကြီးမားစွာစိုးရိမ်နေဆဲလို့ ဂျပန်ပြော

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်တာကို ဂျပန်က အပြည့်အ၀ထောက်ခံလိုက်ပေမယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေး တိုးတက် မှုမရှိသေးဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးဆွေး နွေးပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ဘရူနိုင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီးကို အထူးကိုယ်စားလှယ်ခန့်အပ်ခဲ့မှု အပေါ် ကြိုဆိုထောက်ခံတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဘလင်ကင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့အတူ အခြားဆွေးနွေးဘက်နိုင်ငံတွေလည်းတက် ရောက်ခဲ့ပါတယ်။

“သက်ဆိုင်တဲ့နိုင်ငံရေးပါတီအားလုံးအကြားတွေ့ဆုံဆွေးနွေးရေးကဲ့သို့ လက်တွေ့ပြနိုင်တဲ့ရလဒ်တွေ ရရှိဖို့နဲ့ လုပ်ဆောင်မှုတွေ အစောဆုံးစတင်ဖို့ အထူးကိုယ်စား လှယ်အတွက် အရေးကြီးပါတယ်” လို့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီး မိုတီဂီက ဆိုပါတယ်။

တစ်ချိန်တည်းမှာ မိုတီဂီက မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ် အတည်းအပေါ် စိုးရိမ်မှုကြီးမားစွာရှိတဲ့အကြောင်း အ ရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်တဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေကို အသိပေးပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။