Connect with us

Hi, what are you looking for?

News

ပန်ဆိုင်းတိုက်ပွဲ စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံးဟု ကိုးကန့်အဖွဲ့ ထုတ်ပြန်

MNDAA နှင့်စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်းကလည်း ရှမ်းမြောက် မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်းဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဩဂုတ် ၃ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့ဟု MNDAAက ယနေ့ ထုတ်ပြန်သည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးတွင် ဒုတိယ တပ်ရင်းမှူး နှင့် ဒုတိယတပ်ခွဲမှူးတို့ ပါဝင်ကြောင်းဖော်ပြထားသည်။

တိုက်ပွဲကြောင့် အနီးရှိကျေးရွာများမှ နေအိမ်များ ပျက် စီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

MNDAA နှင့်စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်းကလည်း ရှမ်းမြောက် မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။