Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ဦးဝင်းခိုင် သေနတ်နဲ့ပစ်သတ်ခံရ

ချက်ပစ်ခံရတာဖြစ်ပြီး အဲဒီသေနတ်ဒဏ်ရာနဲ့ပဲ သေဆုံးသွားတယ်လို့ ခရမ်းမြို့ခံအချို့က ပြောပါတယ်။

ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်​လောင်းတစ်ဦးဖြစ်တဲ့ ဦးဝင်းခိုင်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။

ကမာကလူကျေးရွာကိုအသွား ရဲမွန်-ကမာကလူလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့အသွား သေနတ်နဲ့ နှစ်ချက်ပစ်ခံရတာဖြစ်ပြီး အဲဒီသေနတ်ဒဏ်ရာနဲ့ပဲ သေဆုံးသွားတယ်လို့ ခရမ်းမြို့ခံအချို့က ပြောပါတယ်။

ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲတုန်းက ခရမ်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။