Connect with us

Hi, what are you looking for?

News

မြန်မာအထူးကိုယ်စားလှယ်ကိုကြိုဆိုတယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

လိုအပ်နေတဲ့နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိဘဲ အပြည့် အ၀ပေးနိုင်ဖို့အတွက် မြန်မာစစ်တပ်အာဏာပိုင်တွေကို ကုလအတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

(အာဆီယံအထူးကိုယ်စားလှယ် ကုလ၌ မိန့်ခွန်း​ပြောကြား​နေစဥ်)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို ကြိုဆိုလိုက်ပြီး ဧပြီက အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ သဘောတူဆုံးဖြတ်ချက် ငါးရပ်ကိုအကောင်အထည် ဖော်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။

မြန်မာစစ်တပ်ကို ကုလအတွင်းရေးမှူးချုပ်ရဲ့ အရေးပေါ်တောင်းဆိုမှုအဖြစ် မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားဖို့၊ အကြမ်းဖက်နဲ့ ဖိနှိပ်မှုလုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့၊ ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးအကျိုးစီးပွားတွေကို လုပ်ဆောင်ဖို့ ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာဟာ လူသားချင်းစာနာမှုလိုအပ်ချက်ကြီးထွားလာမှုနဲ့ ကိုဗစ်-၁၉ ဆိုးကျိုးတွေကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုနဲ့ အသက်ကယ်ဆယ်ရေးအထောက် အကူတွေပေးနိုင်ဖို့ ကုလသမဂ္ဂဟာ နိုင်ငံတကာနဲ့ ဒေသတွင်းမိတ်ဖက် အထူးသဖြင့် အာဆီယံနဲ့ပူးပေါင်းဆောင် ရွက်မှု၊ ကြိုးပမ်းမှုတွေကို အလေးထားလုပ်ဆောင်နေ တယ်လို့ ဆိုပါတယ်။

လိုအပ်နေတဲ့နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိဘဲ အပြည့် အ၀ပေးနိုင်ဖို့အတွက် မြန်မာစစ်တပ်အာဏာပိုင်တွေကို ကုလအတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။