Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေကျင်မြို့ မဟာပညာဗိမာန်စာသင်တိုက်မှ သံဃာတော် ၆၇ ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ကူးစက်ခံရ

မဟာပညာဗိမာန်စာသင်တိုက်ဟာ စာသင်စာချသံဃာ တော် ၁၁၀ ပါးရှိပြီး သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ စာသင်တိုက်ရှသံဃာအားလုံးကို Text Kit နဲ့စစ်ဆေးရာမှာ သံဃာ ၆၇ ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံထားရတာကို သိရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့မှာရှိတဲ့ မဟာပညာဗိမာန်စာသင်တိုက်မှ စာသင်စာချသံဃာတော် ၆၇ ပါး နဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။

မဟာပညာဗိမာန်စာသင်တိုက်ဟာ စာသင်စာချသံဃာ တော် ၁၁၀ ပါးရှိပြီး သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ စာသင်တိုက်ရှသံဃာအားလုံးကို Text Kit နဲ့စစ်ဆေးရာမှာ သံဃာ ၆၇ ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံထားရတာကို သိရှိခဲ့တာလည်း ဖြစ်ပါတယ်။

“များပြားလှသော ပိုးတွေ့သံဃာများအား ဆေးဝါးဓာတ်စာအာဟာရများ လုံလုံလောက်လောက် ပြုစုကုသပေးနိုင်ရန်အတွက် မိမိတို့စွမ်းနိုင်သည့်ဘက်မှနေ၍ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်”လို့ မဟာပညာဗိမာန်စာသင်တိုက်က ထုတ်ပြန်ထားပါတယ်။

ရွှေကျင်မြို့က မဟာပညာစာသင်တိုက်ဟာ လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း အဓမ္မကိုတွန်းလှန်တဲ့ ဓမ္မဘက်ကရပ်တည်နေတဲ့ ကျောင်းတိုက်တစ်တိုက်ဖြစ်ပြီး ကျောင်းတဲ့ရဲ့တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကဝိဒဆရာတော်ဘုရားဟာ ပြည်သူ့အစိုးရလက်ထက်မှာ မဟာဂန္ဓဝါစက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

သတင်း

ဧပြီ ၁၉ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သည် ရွှေဘို - ဆိပ်ခွန်လမ်းမပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ပဇီကြီးရွာကို တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ပေါင် ၅၀၀ အလေးချိန်ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ဖြင့် စက်အမြောက်များ ပစ်ခတ်တိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်။