Connect with us

Hi, what are you looking for?

News

ရွှေကျင်မြို့ မဟာပညာဗိမာန်စာသင်တိုက်မှ သံဃာတော် ၆၇ ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ကူးစက်ခံရ

မဟာပညာဗိမာန်စာသင်တိုက်ဟာ စာသင်စာချသံဃာ တော် ၁၁၀ ပါးရှိပြီး သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ စာသင်တိုက်ရှသံဃာအားလုံးကို Text Kit နဲ့စစ်ဆေးရာမှာ သံဃာ ၆၇ ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံထားရတာကို သိရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့မှာရှိတဲ့ မဟာပညာဗိမာန်စာသင်တိုက်မှ စာသင်စာချသံဃာတော် ၆၇ ပါး နဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။

မဟာပညာဗိမာန်စာသင်တိုက်ဟာ စာသင်စာချသံဃာ တော် ၁၁၀ ပါးရှိပြီး သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ စာသင်တိုက်ရှသံဃာအားလုံးကို Text Kit နဲ့စစ်ဆေးရာမှာ သံဃာ ၆၇ ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံထားရတာကို သိရှိခဲ့တာလည်း ဖြစ်ပါတယ်။

“များပြားလှသော ပိုးတွေ့သံဃာများအား ဆေးဝါးဓာတ်စာအာဟာရများ လုံလုံလောက်လောက် ပြုစုကုသပေးနိုင်ရန်အတွက် မိမိတို့စွမ်းနိုင်သည့်ဘက်မှနေ၍ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်”လို့ မဟာပညာဗိမာန်စာသင်တိုက်က ထုတ်ပြန်ထားပါတယ်။

ရွှေကျင်မြို့က မဟာပညာစာသင်တိုက်ဟာ လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း အဓမ္မကိုတွန်းလှန်တဲ့ ဓမ္မဘက်ကရပ်တည်နေတဲ့ ကျောင်းတိုက်တစ်တိုက်ဖြစ်ပြီး ကျောင်းတဲ့ရဲ့တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကဝိဒဆရာတော်ဘုရားဟာ ပြည်သူ့အစိုးရလက်ထက်မှာ မဟာဂန္ဓဝါစက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့က နာမည်ကျော်စာသင်တိုက်ဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျောင်းနေ ရဟန်းသာမဏေတွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ဆရာတော်ကြီးတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်အတွက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။