Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက တပ်စခန်းတိုးချဲ့သည့်အပြင် လေယာဉ်များဖြင့်ပါထောက်လှမ်းနေဟု KNU တပ်မဟာ(၅) ထုတ်ပြန်

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့က KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ တိုး၍ပြုလုပ်လာ၍ ဇူလိုင်လအတွင်းက တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် အတွင်းသို့ အာဏာသိမ်းစစ်ကောင် စီက တပ်နေရာနှင့်တပ်စခန်များ တိုးချဲ့နေသည့်အပြင် စစ်လေယာဉ်ဖြင့်ပါ ကင်းထောက်မှုများ ထပ်မံပြုလုပ်လာနေကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ် ပြန်သည်။

ဇူလိုင် ၂၃ရက်နောက်ပိုင်းတွင် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း၌ တပ်နေရာ ၃ခု ပိုမိုတိုးချဲ့ချထားကြောင်း၊ ဩဂုတ် ၃ရက်နှင့် ၄ရက်နေ့များတွင် စစ်လေယာဉ်ဖြင့် လာရောက် ထောက်လှမ်းခဲ့ကြောင်း KNU တပ်မဟာ (၅)၏ ဩဂုတ် ၅ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ပြီးခဲ့တဲ့ နှစ်ရက်ပေါ့ အဲဒီမှာ နေ့လည်မှာလည်း လာတယ် ညမှာလည်း လာတယ်။ အဲဒီလိုမျိုးလာပြီး ပျံဝဲတာပေါ့။ခြောက်လှန်တဲ့သဘောလား လာပြီးထောက်လှမ်းတဲ့သဘောလား။ ဒါပေမဲ့ ခြောက်လှန့်တာတော့ သေချာတယ်။ လာပြီးတော့ ထောက်လှမ်းတာလည်း ပါမှာပေါ့။ အကယ်၍ စစ်ရေးက ဒီထက်ပိုပြီးမြင့်လာမယ်ဆိုလို့ရှိရင် သူတို့က လေကြောင်းကို ဒီလိုပဲ သုံးမယ်လို့ ကျွန်တော်တို့ သတ်မှတ်တာပေါ့” ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့က KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ တိုး၍ပြုလုပ်လာ၍ ဇူလိုင်လအတွင်းက တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီလို လှုပ်ရှားတဲ့အပေါ်မှာ KNLA တပ်မဟာ(၅)ဘက်ကလည်း ကိုယ့်ရဲ့ နယ်မြေဒေသ ကိုယ်ကာကွယ်တဲ့အနေနဲ့ အမြဲတမ်း တပ်ဖြန့်ထားတဲ့အပေါ်မှာ ထိတွေ့မှုတွေ ခဏခဏ ဖြစ်တာ။ တစ်ခါတလေကျရင် ထိတွေ့မှုတွေက တစ်နေ့တည်းကို နှစ်ခါသုံးခါရှိတယ်” ဟု ၎င်းက ဆိုသည်။

ယခု ဩဂုတ်လအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်လျော့ပါးခဲ့ကြောင်း၊ ဩဂုတ် ၁ရက်မှ ၆ရက်မနက်ပိုင်းအထိ တိုက်ပွဲ နှစ်ကြိမ်သာဖြစ်ပွားခဲ့ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။ ယင်းတိုက်ပွဲနှစ်ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။