Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တွင် လမ်းမတော်ယာဥ်ထိန်းရုံးနှင့် ကြည့်မြင်တိုင်ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်

ယနေ့ညနေ ၃နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားရာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(လမ်းမတော်ယာဥ်ထိန်းရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံးနှင့် ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယနေ့ ညနေ ၄ နာရီခွဲခန့်က ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အဆိုပါ ပေါက်ပွဲမှုဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ မသိရသေးပေ။

(လမ်းမတော်ယာဥ်ထိန်းရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်)

“ အုန်းခနဲ ဗုံးပေါက်တဲ့အသံက တော်တော်ကျယ်တယ်။မီးခိုးတွေလဲ အများကြီးပဲ။ ယာဥ်ထိန်းရဲရုံးဘေးကနေ ထပေါက်တာပါ။ ဘေးကကာထားတဲ့ မှန်တွေပါ ကွဲသွားတယ်။ ယာဥ်ထိန်းရဲတွေ ထိခိုက်ဒဏ်ရာရတာ ရှိ၊မရှိတော့ မသိရသေးပါဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ညနေ ၃နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားရာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။