Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် လမ်းမတော်ယာဥ်ထိန်းရုံးနှင့် ကြည့်မြင်တိုင်ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်

ယနေ့ညနေ ၃နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားရာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(လမ်းမတော်ယာဥ်ထိန်းရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံးနှင့် ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယနေ့ ညနေ ၄ နာရီခွဲခန့်က ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အဆိုပါ ပေါက်ပွဲမှုဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ မသိရသေးပေ။

(လမ်းမတော်ယာဥ်ထိန်းရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်)

“အုန်းခနဲ ဗုံးပေါက်တဲ့အသံက တော်တော်ကျယ်တယ်။မီးခိုးတွေလဲ အများကြီးပဲ။ ယာဥ်ထိန်းရဲရုံးဘေးကနေ ထပေါက်တာပါ။ ဘေးကကာထားတဲ့ မှန်တွေပါ ကွဲသွားတယ်။ ယာဥ်ထိန်းရဲတွေ ထိခိုက်ဒဏ်ရာရတာ ရှိ၊မရှိတော့ မသိရသေးပါဘူး”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ညနေ ၃နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားရာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။