ရန်ကုန်မြို့တွင် ယနေ့ အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာချထားသည့်ကြားမှ ဗဟန်းမြို့နယ်တစ်နေရာ လမ်းမပေါ်၌ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် ကျောင်းသားလူငယ်များမှ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်အတွက် ၈၈ကသွေးကြွေးဟောင်း ၂၁မှာအပြီးတောင်း ဟူသော ကြွေးကြော်သံဖြင့် ချီတက်ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည်။
