Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်တိုက်ထုတ်မည်ဟု CRPHနှင့် NUGက ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ် လည်နေ့သို့ သဝဏ်လွှာပို့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ယနေ့ကျရောက်သည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ဆိုးကို အမြတ်ပြတ်အောင် တိုက်ထုတ်မည်ဟု ဖော်ပြခဲ့သည်။

၁၉၆၂ ခုနှစ်မှစတင်ကာ စစ်တပ်၏အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဆိတ်သုဉ်းကာ စစ်အာဏာရှင် စနစ်ဆိုးအောက်သို့ ကျရောက်ခဲ့ရပြီး စစ်အာဏာရှင်တို့၏ မတရားဖိနှိပ်အုပ်ချုပ်မှုကို ပြည်သူ လူထုတစ်ရပ်လုံး ယနေ့ထိတိုင် ခါးစည်းခံနေကြရကြောင်း CRPH က ထုတ်ပြန်ခဲ့သည်။နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့်

စစ်အာဏာ ရှင်စနစ်ကို ခေတ်အဆက်ဆက် ဆန့်ကျင်တွန်း လှန်ခဲ့ ကြသည့်တိုင် အမြစ်ပြတ်ချေမှုန်းနိုင်ခြင်းမရှိသေးဘဲ၊ ယခုအခါ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦး တော်လှန်ရေး သို့ ရောက်ရှိလာခဲ့ပြန်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ Gen-Z များ၊ CDM များနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် မပြီးဆုံးသေးသည့် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်လျက် ရှိကြောင်း CRPHက ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ဆိုးကို ခေတ်အဆက်ဆက် တွန်းလှန် ဖြိုဖျက်ရင်း ကျဆုံးခဲ့ရသည့် အရေးတော်ပုံတပ်သားအပေါင်းကို ဦးညွှတ်ဂုဏ်ပြုလျက် စစ်အာဏာရှင်စနစ် ဆိုးကို မြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ချေမှုန်းကာ ငြိမ်းချမ်းသာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံး ပေါ်ထွန်းလာစေရေးအတွက် ပြည်ထောင်စုဖွား သွေးချင်းညီနောင်များအားလုံး ၏ သွေးစည်းညီညွတ်မှု နှင့်အတူ မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေးနက်ခိုင်မာစွာ ကတိသစ္စာ ပြုအပ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

NUG က သဝဏ်လွှာပေးပို့ရာတွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးသည် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်များ၏ ပစ်ခတ်သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ဖမ်းဆီးထောင်ချမှုများကို အံတုကာ ဒီမိုကရေစီရေးအတွက် လူထုတရပ်လုံး ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်၏ ကြီးမြတ်သော သမိုင်းစာမျက်နှာ တစ်ခုဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဤအရေးတော်ပုံကြီးသည် လူထုမျှော်မှန်းခဲ့သောအောင်မြင်မှုပန်းတိုင်အထိ ပြီးဆုံးအောင် မရောက်ခဲ့သော် လည်းမြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခြေကုတ်မြဲစေနိုင်ခဲ့သော အရေးတော်ပုံကြီး လည်းဖြစ်သည်ဟု ပါရှိသည်။

၂၀၁၅မှစတင်၍ အရပ်သားအစိုးရ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကိုစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ရောက်အောင် ၀ိုင်းဝန်းကြိုးစားနေစဉ်စစ်အာဏာရူးတစ်စု၏ အဆင်ခြင်မဲ့ ရူးမိုက် အတ္တကြီးစွာ အာဏာ သိမ်းမှုကြောင့် လက်ရှိအချိန်တွင်မြန်မာ ပြည်သူ ပြည်သားများ အားလုံးသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ၆ လာတာကာလအတွင်း စစ်အာဏာရှင်များ၏ ရက်စက် ကြမ်းကြုတ်မှုများသည်ဖော်ပြ၍ မရနိုင်လောက်အောင်ဆိုးဝါးလွန်းလှသည်ကိုလည်း ကမ္ဘာ့နိုင်ငံ အသီးသီးကပင် သိရှိပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၌အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် ချေမှုန်းမည့် နွေဦးတော်လှန်ရေး ကိုဆင်နွှဲလျက်ရှိကြောင်း၊ ဆိုးရွားလွန်းသောရာဇဝတ်မှုများကို ဆယ်စုနှစ်ပေါင်းများ စွာအကြိမ်ကြိမ်ကျူးလွန်ခဲ့စစ်အာဏာရှင်စနစ် ကိုမြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ချေမှုန်းမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျောက်အကြီးကျယ်ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ပွဲကို ဆင်နွှဲနေကြကြောင်း NUGက ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဟု ၈လေးလုံး အရေးတော်ပုံကြီးနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံအဆက် ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

မြန်မာပြည်သူလူထုသည် တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စသည့်အာဏာရှင်စနစ်များကို ခေတ် အဆက်ဆက် တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့ကြရာ ၁၉၆၂ ဆဲဗင်းဇူလိုင်တိုက်ပွဲ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမားနှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့် တိုက်ပွဲ၊ ၁၉၈၈ (၈၈၈၈)အရေး တော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊၂၀၀၇ရွှေဝါရောင်တော်လှန်ရေး စသည့်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ယခုအခါ ၂၀၂၁ နွေဦးတော်လှန်ရေးကို ပြည်သူ လူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲကာ စစ်အာဏာရှင်ကိုမည် သို့မှလက်မခံနိုင်ကြောင်း ပြသခဲ့ကြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။